Main menu

Background

လှောင်လက်မှာပဲ လက်ကျန်ရှိတဲ့ ရှမ်းပြောင်း

Tue, 01/26/2010 - 06:18 -- Anonymous (not verified)

    ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ ပြောင်းသီးနံှဟာ နှစ်တိုင်းလိုလို အဟောင်းနဲ့အသစ် အမြဲတန်းတွဲနေပါတယ်။ နိုဝင်ဘာလကုန်မှာ ပြောင်းဟောင်းတွေ ကုန်သလောက်ဖြစ်သွား လို့အသစ်တွေက ဈေးကွက်ကို ဝင်လာပါတယ်။ ဒီဇင်ဘာလမှာ တစ်ပိဿာအနိမ့်ဆုံး ၂၅၅ ကျပ်မှ အမြင့်ဆုံး ၃၁ဝ ကျပ်ထိ ဈေးရှိလာပြီး မန္တလေး ဝယ်လက် အစာစပ်စက်ရုံတွေက ဝယ် ယူနေကြလို့ တစ်လအတွင်း ပိဿာချိန် ၃၅ သိန်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။     ဇန်နဝါရီလမှာ ပြောင်းဟာ အရောင်းအဝယ်ပိုသွက်လာပါတယ်။ ပထမပတ်မှာ ပြောင်းဈေးဟာ ၃ဝ၃ ကျပ်မှ ၃၁၂ ကျပ်အထိ ရှိလာ ပါတယ်။ မန္တလေးဝယ်လက်၊ ရန်ကုန်ဝယ်လက် အစာစပ်စက်ရုံတွေနဲ့ အခြားဝယ်လက် တွေ ဝယ်ယူကြလို့ ဈေးကလည်း ထပ်တက်လာ ပါတယ်။ ဇန်နဝါရီလ ၁ ရက်မှ ၂ဝ ရက်နေ့အထိ  ပြောင်း ပိဿာချိန် ၂၄ သိန်းခန့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး လှောင်လက်တွေ လက်ထဲ မှာ ပြောင်းဖူးစေ့ လက်ကျန်တန် ၈ သောင်းခန့် ကျန်ရှိနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ရဲ့ ပြောင်းဈေးက တစ်ပိဿာ ၃၁၅ ကျပ်မှ ၃၁၈ ကျပ် ဈေးရှိတယ်လို့ ဒေသခံကုန်သည်များထံမှ သိရပါတယ်။                                                                             ဧဧခိုင်