Main menu

Background

ဝက်စ်ဟမ်းအသင်းကိုပေါင် ၄၆ သန်းနဲ့ ရောင်းတော့မည်

Thu, 01/28/2010 - 07:38 -- Anonymous (not verified)

   ယခင်ဘာမင်ဂမ်အသင်းပိုင်ရှင် ဟောင်းဒေးဗစ်ဂိုးလ်နဲ့ ဒေးဗစ်ဆူလီဗန်တို့ဟာ ဝက်စ်ဟမ်းအသင်းကို ဝယ်ယူ ရန်အတွက် ဝက်စ်ဟမ်းအသင်းပိုင်ရှင် အိုက်စလန်သူဌေးနဲ့ ညှိနှိုင်းခဲ့ရာ ပေါင် ၄၆ သန်းနဲ့အရောင်းအဝယ်ဖြစ်တော့မှာ ဖြစ်ကြောင်း သိရှိရပါ တယ်။    ဝက်စ်ဟမ်းအသင်းပိုင်ရှင် အိုက်စလန်သူဌေးအနေနဲ့ဝက်စ်ဟမ်းအသင်းကို မလေးရှားသူဌေးတိုနီဖာနန်ဒက်စ်ထံ လွဲှပြောင်း ရောင်းချရန် ဆွေးနွေးခဲ့ ပေမယ့် ဝက်စ်ဟမ်းပရိသတ်များ ကျေ နပ်လောက်တဲ့ ရင်းနှီးမြှုပ်နံှမှု အာမခံမိုျး မပြနိုင်တဲ့အတွက်ပျက်ပြယ် ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ (၃)လခန့်မှစ၍ ဘာမင်ဂမ် အသင်းပိုင်ရှင်ဟောင်းများနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာ သဘောတူညီမှုရရှိပြီးဖြစ် တဲ့အတွက် ပေါင်၄၆သန်းနဲ့ရောင်းချ တော့မှာဖြစ်ပါတယ်။    ဝက်စ်ဟမ်းအသင်းကို ယခုဝယ် ယူမယ့် ဒေးဗစ်ဂိုးလ်နဲ့ဒေးဗစ်ဆူလီဗန်တို့ နှစ်ဦးဟာ ဘာမင်ဂမ်အသင်းကိုပေါင် ၈၅ သန်းနဲ့ ၂ဝဝ၉ ခုနှစ်က ရောင်းချခဲ့ တာ ဖြစ်ပါတယ်။