Main menu

Background

ဝန်ထမ်းများ အင်္ဂလိပ်စာတတ်မြောက်ထားရန် လိုအပ်လာ

Thu, 01/14/2010 - 02:42 -- cjadmin

    ခေတ်နှင့်အညီတိုးတက်နေသော လုပ်ငန်းခွင်များအတွင်းမှဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာတတ်မြောက်ရန် ပိုမိုလိုအပ် ကြောင်း CAREER PASS Job Training Centre မှ မမြင့်မြင့်ဝင်းက ပြောကြားသည်။    ''တိုးတက်နေတဲ့လုပ်ငန်းခွင်တွေ ထဲမှာ Phone Massage နဲ့ Appointment လောက်ကိုမသင်ယူနိုင်ဘူးဆိုရင် လုပ်ငန်းခွင် အတွင်းမှာ အဆင်ပြေနိုင်မှာမဟုတ်ဘူး။ ကျွန်မတို့ဆီကနေ ဝန်ထမ်းတွေအတွက်ရည်ရွယ်ပြီး Business English Speaking Class သင်တန်းကို ဖွင့်လှစ်ပေးနေပါတယ်။ဒီ သင်တန်းမှာTelephone ဖြေဆိုပုံ၊ Phone Massage ယူနည်း၊ Appointment ယူပုံတွေ ကိုမကဘဲ Meeting အတွင်းပြောဆိုပုံ Presentation ပေးပုံတွေကိုပါ ယုံကြည်မှုအပြည့်နဲ့လုပ်ကိုင်နိုင်ဖို့ စနစ်တကျသင်ကြားပေး ပါတယ်။ ခေတ် ကာလနဲ့ပြောရမယ်ဆိုရင်လည်း ဒီနေ့ခေတ်မှာအင်္ဂလိပ်စကားကို နားလည်ထားမယ်ဆိုရင်ဘယ်လိုလုပ်ငန်း ခွင်မိုျးမှာမဆိုအဆင်ပြေစေပါတယ်။ အခုစီးပွားရေးလုပ်ငန်းတော်တော်များများရဲ့အရည် အချင်းကန့်သတ်မှုတွေမှာ ဘာသာစကား တတ်ကျွမ်းမှုတွေက အရေးပါလာပြီ''ဟု၎င်းကပြောသည်။    အဆိုပါ Business English Speaking Class သင်တန်းအားတက်ရောက်ခြင်းဖြင့် မတူညီသည့်လုပ်ငန်း ခွင်အမိုျးမိုျးနှင့် ဆက်ဆံရာတွင် မိမိ၏ Spoken Communication Skills ကိုပို မိုချောမွေ့အဆင်ပြေစေမည်ဖြစ်ကြောင်း နှင့်သင်တန်းချိန်ကိုလည်း ရုံးဝန်ထမ်းများအဆင်ပြေစေရန်ရုံးချိန်ပြင်ပတန်းခွဲ အဖြစ်စီစဉ်ထားပြီး အချိန် တစ်လသတ် မှတ်ထားပြီး တက်ရောက်လိုသူများ ဖုန်း ဝ၉၈ဝ-၂၁ဝ၂၇ သို့ဆက်သွယ် တက်ရောက်နိုင်ကြောင်းသိရသည်။