Main menu

Background

ဝယ်လိုအားနည်းလာတာကြောင့် အိန္ဒိယမှာ ပဲအချို့ဈေးနှုန်းကျလာ

Sat, 01/23/2010 - 11:51 -- Anonymous (not verified)

       အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်တွေမှာ လှောင်လက်တွေက ပဲတွေထုတ်ရောင်းလာတာကြောင့် ဇန်နဝါရီလ ၁၃ ရက် နေ့မှာ အချို့ပဲဈေးနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ သိုလှောင်လက်ကျန်တိုးလာတာအပြင် အရောင်းအဝယ်နည်းပါးခြင်းက ဈေးနှုန်းကို ပိုမိုကျဆင်းစေတာဖြစ်ပါတယ်။     မတ်ပဲဈေးနှုန်းဟာ တစ်တန်ကို ၂ ဒသမ ၁ ရာခိုင်နှုန်းနီးပါး၊ ရူပီး ၅ဝဝ  (ကန်ဒေါ်လာ ၁၁ ဒသမ ဝ၁)ခ န့်ကျဆင်းခဲ့ပြီး၊ ပဲတီစိမ်း ဈေးနှုန်းမှာလည်း အလားတူ ရူပီး ၅ဝဝ (ကန်ဒေါ်လာ ၁၁ ဒသမ ဝ၁)ခန့် ကျဆင်းခဲ့ပါတယ်။ အရောင်းအဝယ်ပါးတဲ့အတွက် စားတော်ပဲလုံးဈေးကလည်း ၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်။