Main menu

Background

ဝယ်လိုအားများ လက်ကျန်နည်းလာတဲ့ လားရှိုးပြောင်း

Tue, 01/19/2010 - 05:17 -- Anonymous (not verified)

     ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ခိုျ၊ နမ္မတူမြို့နယ်ဒေသများမှ စိုက်ပိုျးထွက်ရှိလာတဲ့ ပြောင်းသီးနံှဟာ ယခုနှစ်မှာတော့ သြဂုတ်လ ပထမပတ်မှ စတင်ပြီး လားရှိုးကုန်စည်ဒိုင်ဈေးကွက်ကို စတင် ဝင်ရောက်ခဲ့ပြီး ပြောင်းဖူးစေ့တစ်ပိဿာကို ၂၈ဝ ကျပ်မှ ၂၉ဝ ကျပ်၊ ၃ဝဝ  ကျပ် ဈေးနှုန်းများနဲ့ အရောင်းအဝယ်ဖြစ်ကာ နိုဝင်ဘာလ ပထမပတ်အတွင်း ပြောင်းပိဿာချိန် ၁၆ သိန်းခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ ပြောင်းဖူးစေ့တင်ပို့မှုမှာ လားရှိုးကုန်စည်ဒိုင်မှ တစ်ဆင့် ပြောင်း ဖူးစေ့တန်အများဆုံး တင်ပို့လျက်ရှိရာ ပြောင်းပေါ်ချိန် ၂ဝဝ၉ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၈၅ဝဝဝ တန်တင်ပို့နိုင်ခဲ့ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ပြောင်းဖူးစေ့ ၁ဝ၁၃၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ယခုနှစ်ရာသီချိန် ပြောင်းဖူး စေ့တင်ပို့မှုမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ စုစုပေါင်း ၉၅၁၃၃ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။     ပြောင်းဈေးကွက်ဟာ တရုတ် နိုင်ငံကိုသာ အဓိကတင်ပို့လျက်ရှိနေပြီး ဈေးနှုန်းမှာ တစ်ပိဿာကို ၃၂၅ ကျပ်မှ ၃၃ဝ ကျပ်အထိ ရှိနေခဲ့ပါတယ်။ ယခု နောက်ပိုင်း ကုန်သည်နဲ့ တောင်သူ လက်ဝယ်မှာ ပြောင်းဖူးစေ့ လက်ကျန် နည်းပါးလာပေမဲ့ ပြည်ပဈေးကွက်ဝယ် လိုအားများပြားလျက်ရှိနေသေး တာကြောင့် ဈေးနှုန်း အနည်းငယ် မြင့်တက်လာနိုင်ကြောင်း လုပ်ငန်းရှင် အခိုျ့မှ သုံးသပ်ကြပါတယ်။    ပပဝင်း