Main menu

Background

ဝယ်လိုအားမြင့်လာမည် ခန့်မှန်းကြ၍ ကမ္ဘာ့ရာဘာဈေး ဆက်လက်မြင့်မားလာ

Tue, 01/19/2010 - 04:48 -- Anonymous (not verified)

     ကမ္ဘာတွင် မော်တော်ကား ဝယ်ယူသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံရဲ့ ကားရောင်းအားက ဆက်တိုက်မြင့် မားလာပြီး တာယာအတွက် ရာဘာ ဝယ်လိုအားမြင့်မားလာမယ် ခန့်မှန်းကြတာကြောင့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကမ္ဘာ့ရာဘာဈေးနှုန်းက ၁၆ လ အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။    ဒါကြောင့်တိုကိုျဈေးကွက် မှာလည်း ရာဘာကြိုပွိုင့်ဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်မားလာခဲ့ ရာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက် မှစပြီး အမြင့်ဆုံးနှုန်းဖြစ်ကြောင်း သိ ရပါတယ်။ တိုကိုျကုန်စည်ရောင်းဝယ် ရေးတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ဇွန်လတင်ပို့မဲ့ ရာဘာက တစ်ကီလိုကို ၈ ဒသမ ၁ ယန်းမြင့်မားပြီး ၂၉၉ ဒသမ ၈ ယန်း (တစ်တန်ကို ၃၂၅၉ ဒေါ်လာ) အထိရောက်ရှိခဲ့ကြောင်း သိရပါတယ်။    ရှန်ဟိုင်းရာဘာကြိုပွိုင့်ရောင်း ဝယ်ရေးတွင်လည်း မေလတင်ပို့မဲ့ ရာဘာ က ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်မားပြီး တစ်တန်ကို ၃၈ဝ၆ ဒေါ်လာအထိ ရောက်ရှိခဲ့ပါတယ်။ စာခုျပ်ဈေးနှုန်းမှာလည်း ဇန်နဝါရီလ ၁၁ ရက်က တစ်တန်ကို ၃၈၄၉ ဒေါ်လာဝန်းကျင် အထိရောက် ရှိခဲ့ရာ ၂ဝဝ၈ ခုနှစ် ဇူလိုင် လမှစပြီး အမြင့်ဆုံးနှုန်းဖြစ်ကြောင်း သိရပါတယ်။    ထိုင်းနိုင်ငံရဲ့ရာဘာဈေးနှုန်း မှာလည်း တစ်ပတ်အတွင်းမြင့်မားလာ ရာ ဇန်နဝါရီလ ၄ ရက်နေ့က တစ်တန် ကို ၂၈၇ဝ ဒသမ ၅ဝ ဒေါ်လာရှိနေတဲ့ RSS-5က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တစ်တန်ကို ၃ဝ၃၁ ဒေါ်လာ အထိ တစ်ပတ်အတွင်းဒေါ်လာ ၆ဝ ကျော် မြင့်မား လာခဲ့ပါတယ်။ှ                                                                                                  Source: Bloomberg.com                                                                                                                 ပပ