Main menu

Background

သက်မွန်မြင့်က အကယ်ဒမီအတွက် ရင်မခုန်ရသေးပါဘူး

Tue, 01/26/2010 - 05:58 -- Anonymous (not verified)

   ချင်းတိုင်းရင်းသူလေး သက်မွန်မြင့်နဲ့ ကန်တော့ပွဲပေးတဲ့အခမ်းအနားတစ်ခုမှာ ဆုံဆည်းမိတုန်း ကောမတ်စ်ဂျာနယ် ပရိသတ် အတွက် သူမရဲ့ အကယ်ဒမီရင်ခုန်သံနဲ့အနုပညာ စကားသံလေးတွေ မေးမြန်းခဲ့ပါတယ်။ -  ၂ဝဝ၈ ခုနှစ် အကယ်ဒမီ အတွက် ရင်ခုန်နေပြီလား။    သက်မွန်ကားလေးတွေတော့ ရှိပါ တယ်၊ အကယ်ဒမီအတွက်တော့ ရင်မခုန်ရသေးပါဘူး။ - အကယ်ဒမီကို ဘယ်လိုမြင်လဲ။  သက်မွန်တို့အနုပညာအတွက် အမြင့်ဆုံး ဆုလဒ်တစ်ခုပေါ့၊ အကယ်ဒမီဆိုတာကလည်း ပြောလို့မရဘူး၊ ကံတရားနဲ့ လည်း  သက်ဆိုင်တယ်၊ ကိုယ့်ဘက်ကတော့ ကြိုးစားအားထုတ်မှုကို အပြည့်အဝလုပ်သွားမှာပဲ၊ ဘယ်ကားမဆို သက်မွန်တို့ကြိုး စား ရပါတယ်။ ရတာ မရတာက တစ်ပိုင်းပေါ့။ - ကားကြီးဘယ်နှစ်ကားရိုက်ပြီးပြီလဲ။   ၁၅ ကားလောက်ရှိမယ် ထင် တယ်၊ ရုံမတင်ရသေးတာက ၇ ကား လောက်ရှိ သေးတယ်။ - အခက်အခဲရှိလာရင် ဘယ်လိုစိတ်နဲ့ကျော်ဖြတ်သလဲ။ ကိုယ့်ဘက်က ကြိုးစားအားထုတ်စရာရှိတာကြိုးစားတယ်၊ ကိုယ့်ဘက်က အမှားမရှိအောင်နေတယ်၊ ပရိသတ်တွေရဲ့ အားပေးမှုက ကိုယ့်အတွက် အင်အားတစ်ခုပါပဲ။ - အနုပညာအလုပ်ကို ဘယ်လောက်အထိ ဆက်လုပ်သွားမှာလဲ။ စီးပွားရေးအရတော့ အခုချိန်ထိ မစဉ်းစားမိသေးဘူး၊ ပရိသတ်အားပေးမှု အပေါ်မူတည်ပြီး ဆက်လုပ်သွားမှာပါ။ - ဘယ်လိုမျိုးသရုပ်ဆောင်ရတာ ကြိုက်လဲ။ မလုပ်ဖူးတာတွေ လုပ်ချင်တယ်၊ ကာရိုက်တာတွေတော့ မစုံသေးဘူး။ မျက်မမြင်တို့၊ စကားမပြောတတ်တာတို့တော့ မရိုက်ရသေး ဘူး။ - အိမ်ထောင်ရေးကိုရော စဉ်းစားပြီလား။ အခုချိန်မှာ အလုပ်ကိုပဲ အာရုံစိုက် တယ်။ အလုပ်ကိုပဲ စိတ်ဝင်စားချင်တယ်။ - ပရိသတ်တွေအတွက် သက်မွန်ရဲ့ စကားသံလေးပြောပါအုံး။ သက်မွန်ကို အားပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအရမ်းတင်ပါတယ်။