Main menu

Background

သစ်သီးဝလံ တင်ပို့မှု ကျပ်သန်း ၈ဝဝ နီးပါးရရှိခဲ့

Tue, 01/19/2010 - 09:28 -- Anonymous (not verified)

    မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁ဝ၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန် စည်ဒိုင်သို့ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ တတိယပတ်မှာ ဖရဲသီး၊ သခွားမွှေး၊ ဆီးသီးနဲ့ စပျစ်သီးများ တန်ချိန် ၇ဝဝဝ ကျော် ဝင်ရောက်လာခဲ့တယ်လို့ သစ်သီးဝလံကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ယခုတတိယပတ်မှာ ဖရဲသီး တန်ချိန် ၆၇ဝဝ၊ သခွားမွှေး ၆ဝဝ၊ စပျစ်သီး ၁ တန်ကျော်နဲ့ ဆီးသီးအစိုတန်ချိန် ၂၆ဝ ကျော် စုစုပေါင်း တန်ချိန် ၇၅ဝဝ ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၇၉၈ ဒသမ ၈၂ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ဒုတိယပတ်မှာ တန်ချိန် ၅၅ဝဝ ကျော်နဲ့ ဒီဇင်ဘာနောက်ဆုံးပတ်မှာ တန်ချိန် ၅၄ဝဝ ကျော်ဝင်ရောက်ခဲ့ပြီး ယခုအခါ တစ် ပတ်ထက် တစ်ပတ် သစ်သီးဝလံတွေ ပိုမိုဝင်ရောက်လာပြီး ကုန်တက်များလာပြီလို့ပြောပါတယ်။ ဖရဲသီးမှာ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်မြို့နယ်တွေက ထွက်ရှိပြီး ဆီးသီးမှာ ကျောက်ဆည်၊ ကျောက်ကုန်းတို့က ထွက်ရှိတာတွေများပါတယ်။ စပျစ်သီးကတော့ မိတ္ထီလာဖက်က ဝင်လာတာ လို့ပြောပါတယ်။ ယခုအပတ်မှာ ဖရဲသီး တန်ချိန် ၅၉ဝဝ ခန့်က ကား ၂၃၄ စီး၊ သခွားမွှေး တန် ချိန် ၆ဝဝ ကျော်ဟာ ကား ၉၁ စီး၊ ဆီးသီးတန်ချိန် ၁၇ဝ ကျော်ဟာ ကား ၄၇ စီးနဲ့ သစ်သီးဝလံ ကုန်စည်ဒိုင်သို့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။    ယခုအပတ် မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှာ သစ်သီးဝလံများရဲ့ တစ်တန် ပေါက်ဈေးတွေ ကတော့ ဖရဲသီး ကျပ်တစ်သိန်း၊ သခွားမွှေး ကျပ်တစ်သိန်းခွဲ၊ စပျစ်သီး တစ်သိန်း နှစ်သောင်းနဲ့ ဆီးသီးအစို ကျပ် တစ်သိန်း လေးသောင်းနှုန်းဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ Source:နကသ(မူဆယ်)    မြင့်မြင့်မာ