Main menu

Background

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေးပွဲပြုလုပ်

Tue, 01/19/2010 - 06:07 -- Anonymous (not verified)

   မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (MFF)နှင့် မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များအသင်းတို့မှ ပူးပေါင်း စီစဉ်သည့် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲ ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေးပွဲ ကိုဇန်နဝါရီလ ၉ရက်နေ့ကMFF ရှိသီရိအဏ္ဏဝါခန်းမ၌ ပြုလုပ်ခဲ့သည်။   ''ဟောပြောပွဲကျင်းပပြုလုပ်တဲ့ အစီအစဉ်တစ်နှစ်ပြည့်တိုင်း ဘာသာရပ်ဆိုင်ရာပညာရှင်၄ဦးလောက် ကို ခေါ်ယူပြီး ဆွေးနွေးပွဲ တွေပြုလုပ်ခဲ့ပါတယ်။ ဟောပြောပွဲကို ၂ဝဝ၆ခုနှစ် ဇန်နဝါရီ ၇ ရက်ကစတင်ပြီး နှစ်ပတ် တစ်ကြိမ်ပြူလုပ်ခဲ့တာ ဒီနှစ်ဟာ ၄နှစ် ပြည့် ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကမ္ဘာမှာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ အကြီးအကျယ်လုပ် နေတာနဲ့ ကြုံတာ ကြောင့်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာတွေ ရေးနေတဲ့ စာရေးဆရာမဂျူးကို ဖိတ်ခေါ်ပြီး ဒီပွဲကိုစီစဉ်ခဲ့တာပါ''ဟု ဟောပြောပွဲ စီစဉ်ဖြစ်ပုံကို MFF က တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။   ဆွေးနွေးပွဲတွင် မိုးလေဝသ ဇလဗေဒပညာရှင်ဒေါက်တာ ထွန်းလွင်၊ သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး အသင်းမှ ဒုဥက္ကဌ ဦးအုန်းနှင့်စာရေးဆရာမ ဂူျးတို့က 'ရာသီဥတု ပြောင်းလဲခြင်းနှင့် လူသား တို့၏ တာဝန်'ခေါင်းစဉ်ဖြင့် ဝိုင်းဝန်း ဆွေးနွေးကြပြီး ဟောပြောပွဲတွင် ပေါင်းကူးဆက်စပ် စီစဉ်သူ (Facilitatlior) အဖြစ် ဦးမျိုးသူက ဆောင်ရွက်ခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ပရိသတ် ၄ဝဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။