Main menu

Background

သဘာဝဘေးအန္တရာယ်တွေအပြင် စားသုံးမှုပါ မြင့်တက်တာကြောင့် ၂ဝ၁ဝ မှာ ကမ္ဘာ့ဆန်ကုန်သွယ်မှု မြင့်တက်နိုင်ကြောင်း ထိုင်းကခန့်မှန်း

Sat, 01/16/2010 - 11:35 -- Anonymous (not verified)

      ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံခန့် တင်ပို့သွားဖို့ ရည်မှန်းထားတယ်လို့ နိုင်ငံခြားကုန်သွယ်မှုဌာန  DFT မှ ညွှန်ကြားရေးမှူး ချုပ် ဝီချက်ဝီဆက်နွိုင်က ပြောကြားပါတယ်။ ယမန်နှစ်က ဆန်တန်ချိန် ၈ ဒသမ ၅၇ သန်း၊ တန်ဘိုးအားဖြင့် ကန်ဒေါ်လာ ၅ ဘီလီယံဖိုးခန့် တင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ၂ဝဝ၉ ခုနှစ်အတွင်း ပျမ်းမျှဆန်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၅၈၄ ရှိခဲ့ပြီး ဒီနှစ် မှာတော့ နောက်ထပ် ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်ဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။ အာဖရိကဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဈေးကွက်ဖြစ်ပြီး စုစုပေါင်းတင်ပို့မှုရဲ့ ၅၅ ရာခိုင်နှုန်းရှိပြီး အရှေ့အလယ်ပိုင်းက ၁၁ ရာခိုင်နှုန်း၊ ဥရောပက ၇ ရာခိုင်နှုန်း၊ မြောက်အမေရိကားနဲ့ လက်တင်အမေရိကားက ၆ ရာခိုင်နှုန်းခန့် တင်ပို့ရတယ်လို့လည်း ၎င်းကထပ်လောင်း ပြောကြားပါတယ်။ ၂ဝ၁ဝ မှာ ကမ္ဘာ့ဆန်ရောင်းချမှုဟာ ဆန်တန်ချိန် ၄၃၂ သန်းရှိနိုင်ပြီး ကမ္ဘာ့စားသုံးမှုကတော့ ဝ ဒသမ ၃၁ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတော်တော် များများမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရတာအပြင် စားသုံးမှုမြင့်တက်လာတာကြောင့် ကမ္ဘာ့ဆန်ကုန်သွယ်မှုဟာ ၅ ဒသမ ၈ ရာခိုင်နှုန်း၊ တန်ချိန်အားဖြင့် ၃ဝ ဒသမ ၃၅ သန်းမြင့်တက်နိုင်တယ်လို့ဆိုပါတယ်။