Main menu

Background

ဟေတီငလျင်အတွက် ကုလသမဂ္ဂက ဒေါ်လာ ၅၆၂ သန်းရှာဖွေ

Tue, 01/19/2010 - 05:30 -- Anonymous (not verified)

ယခုသီတင်းပတ်စောစောပိုင်းက လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကိုခံစားခဲ့ရတဲ့ ဟေတီပြည်သူများအတွက် အကူအညီဒေါ်လာ ၅၆၂ သန်းထည့် ဝင်ကြပါရန် ကုလသမဂ္ဂက ဇန်နဝါရီလ ၁၅ ရက်နေ့ ကပန်ကြားခဲ့ပါတယ်။     ဇန်နဝါရီလ ၁၁ ရက်နေ့ကလှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူဦရေး ၉ သန်းရှိတဲ့ ဟေတီနိုင်ငံမှာ လူသုံးပုံတစ်ပုံခန့်ထိခိုက်မှုရှိခဲ့ပါ တယ်။ မြေငလျင်လှုပ်မှုကြောင့် မြို့တော်ပို့အာပရင့်တစ်ခုလုံးပျက်စီးပြီး အခြေခံဝန်ဆောင်မှုအားလုံးပြိုကွဲသလောက်ဖြစ်ခဲ့ရပါတယ်။ အဆောက်အဦ ၁၀ ရာခိုင်နှုန်းလောက် ပျက်စီးပြီး လူ ၃၀၀၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂကခန့်မှန်းထားပါတယ်။ကုလသမဂ္ဂဗဟိုအရေးပေါ် လုပ်ငန်းဆောင်ရွက်ရေးရန်ပုံငွေအဖွဲ့ကတော့ ဒေါ်လာ ၂၅ သန်းထည့်ဝင်ထားပြီးဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဟေတီနိုင်ငံကိုသွားရောက်ဖို့စီစဉ်ထားပါတယ်။    ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးသူဦးရေဟာ နှစ်သိန်းခန့်ရှိတယ်လို့အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။ ဟေတီနိုင်ငံမှာ တာဝန် ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဝန်ထမ်း ၃၇ ဦးလည်း အသက်ဆုံးရှုံးတဲ့ထဲမှာပါဝင်တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂဝန်ထမ်း ၃၃၀ ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဘန်ကီမွန်းရဲ့ပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီကပြောကြားပါတယ်။Source: (1) Reuters, (2) Xinhua