Main menu

Background

အက်ဖ်တီအေဖွင့်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားကျင်းပ

Thu, 01/14/2010 - 07:30 -- Anonymous (not verified)

   တရုတ်နိုင်ငံနဲ့အာဆီယံအဖွဲ့တို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကမ္ဘာပေါ်မှာအကြီးမားဆုံးဖြစ်တဲ့ လွတ်လပ်တဲ့ကုန်သွယ်မှုဒေသထူထောင် တဲ့ အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံနန်နင်းမြို့မှာကျင်းပခဲ့ပါတယ်။ တရုတ် - အာဆီယံဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်နိုင်ဖို့အတွက် ဒီအက်ဖ်တီအေကို အခွင့်အလမ်းတစ်ခုအဖြစ် သဘောထားဖို့ အခမ်းအနားမှာ တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေး အဖွဲ့ရဲ့ အမျိုးသားကော်မတီ ဒုတိယဥက္ကဌကပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလက တရားဝင်ဖွင့်လှစ်ခဲ့တဲ့ ဒီဒေသမှာ လူဦးရေ ၁ ဒသမ ၉ ဘီလျံရှိပြီး ကုန်သွယ်မှု ပမာဏက ဒေါ်လာ ၄ ဒသမ ၅ ထရီ လီယံရှိပါတယ်။             Source: Xinhua