Main menu

Background

အကြော်အလှော်သမားတို့ဆွဲတဲ့ ယောဆောင်းမြေပဲ

Mon, 01/18/2010 - 07:51 -- Anonymous (not verified)

        ဂန့်ဂေါ၊ ထီးလင်းစတဲ့ မြောက်ယောနယ်ဘက်က မိုးအကုန်မှာစိုက်တဲ့ ဆောင်းမြေပဲတွေ ပခုက္ကူကို တစ်နေ့ပိဿာ တစ်သောင်းခွဲမှ နှစ်သောင်းအတွင်း ဝင်လာနေပါတယ်။ အစို၊ အခြောက်၊ အတောင့်လှတဲ့အပေါ်မူတည်ပြီး တစ်ပိဿာကို ၉ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်၊ ၁ဝ၅ဝ ကျပ်ထိရှိပါတယ်။ လုံးဆံရောင်းဈေးကတော့ ့ တစ်ပိဿာ ကို ၁၅၅ဝ ကျပ်ရှိပါတယ်။ ပဲကြော်၊ ပဲလှော် လုပ်ငန်းရှင်တွေက အဆွဲများပါတယ်။ ဆီစက်သမားတွေ မသုံးနိုင်ရှာကြ ပါဘူး။ ဇန်နဝါရီလဆန်းပိုင်းမှစပေါ်ပြီး ဖေဖော်ဝါရီ လကုန်မှာပြတ်ပါမယ်။ မတ်လ သာစွတပေါင်းမှာတော့ ပခုက္ကူအနောက်ဘက် နယ်က ကျွန်းမြေပဲတွေ ဆက်ပေါ်မှာပါ။