Main menu

Background

အကြွေးဆပ်ဖို့ အိမ်ကို လေလံတင်မယ့် ဟိုလီဖီး

Thu, 07/02/2009 - 13:44 -- cjadmin

ဟဲဗီးဝိတ် ချန်ပီယံဟောင်း အီဗန်ဒါဟိုလီဖီး ဟာ ငွေကြေးအကျပ်အတည်း ကြောင့် သူ့ရဲ့အိမ်ကို လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဟိုလီဖီးရဲ့အိမ်ဟာ အတ္တလန်တာမြို့ရဲ့တောင်ပိုင်း အီဗန်ဒါဟိုလီဖီး အဝေးပြေးလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ သူရဲ့ခြံဟာ ၂၃၅ ဧက ရှိတယ်လို့ ဆိုပါတယ်။သူရဲ့အိမ်ဟာ အခန်းပေါင်း ၁၀၉ ခန်းရှိပြီး ရေချိုးခန်း ၁၇ ခန်း၊ မီးဖိုချောင် ၃ခု၊ ဘိုးလင်းကစားရုံတစ်ရုံတို့ ပါဝင်ပါတယ်။ ဟိုလီဖီးဟာ ငွေကြေးအခက်အခဲ ကြောင့် သူပိုင်အိမ်ကြီးကို ၂၀၀၈ခုနှစ် ဇွန်လက Washington Mutual Bank  မှာ ပေါင်ထားခဲ့တာပါ။ ဒုတိယအကြိမ် မှာတော့ Commonwealth United Mortgage Company  ကနေ အမေရိကန်ဒေါ်လာ ၂၁၆၀၀၀ကို ချေးယူပြီး အိမ်ကို အပေါင်ထားခဲ့တာပါ။ ဟိုလီဖီးဟာလက်ဝှေ့ထိုးသတ်ခြင်း ကနေ အမေရိကန်ဒေါ်လာသန်း၂၀၀ ရရှိထားခဲ့ပြီးပါပြီ။ သားသမီး၁၁ယောက် ရဲ့ဖခင်ဖြစ်တဲ့ ဟိုလီဖီးဟာ ငွေကြေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတာမို့ အခုလို အိမ်ကို လေလံတင်ရောင်းချဖို့ စီစဉ်ရတာပါလို့ ဆိုပါတယ်။ လေလံပွဲဟာ ဇူလိုင်လ ၇ ရက်နေ့မှာ ပြုလုပ်မှာပါ။ ဒါ့အပြင် ဟိုလီဖီးဟာ သူ့ရဲ့ငွေကြေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ လာမယ့် ဒီဇင်ဘာလမှာ WBA  ချန်ပီယံ နီကိုလိုင်ဘဲလျူနဲ့ ထိုးသတ်ဖို့ စိန်ခေါ်ထားပါတယ်။ အဲဒီပွဲမှာ ဟိုလီဖီးဟာ ထိုးသတ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၆သိန်း ရရှိမှာဖြစ်ပါတယ်။