Main menu

Background

အင်ဂျင်နီယာအသင်း နှစ်ပတ်လည်ညီလာခံနှင့် ထုတ်ကုန်ပစ္စည်းပြပွဲ ပြုလုပ်

Thu, 01/28/2010 - 09:02 -- Anonymous (not verified)

    မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အသင်းသားစုံညီ နှစ်ပတ် လည်ညီလာခံနှင့် ထုတ်ကုန်ပစ္စည်း ပြပွဲကို ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီ လ ၁၅ ရက်နေ့က ရန်ကုန်မြို့ လှိုင်တက္ကသိုလ် များ နယ်မြေရှိ အင်ဂျင်နီယာ အသင်းရုံးတွင် ပြုလုပ်ခဲ့သည်။   ပြပွဲတွင် SUPREME GROUP OF COMPANIES ၏ ရေသန့်စက်ပစ္စည်းများ၊ Myanmar Credent Technology မှ မြေတိုင်း ပုံထုတ်၊ လမ်းအူကြောင်းရှာဖွေမှု၊  ဒီဇိုင်းရေးဆွဲသည့် အင်ဂျင်နီယာ လုပ်ငန်းများ၊ KHIN MAUNG NYUNT TRADING   မှ စက်ရုံ သုံး ၊ ရုံးသုံး၊ လုပ်ငန်းသုံးလျှပ်စစ်ပစ္စည်းများ၊    SAMYUNG ENC CO., မှ ရေကြောင်းသုံး လမ်းညွှန် နှင့် အထောက်အကူပြု ပစ္စည်းများ၊  SUNTAC TECHNOLOGIES ၏ အင်ဂျင်နီယာလုပ်ငန်းနှင့် ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊GALLANT TRAINING CENTRE မှ သင်တန်းများစသည်ဖြင့် ပြခန်းပေါင်း (၃ဝ) ခန့် ပါဝင်ပြသခဲ့သည်။