Main menu

Background

အင်္ဂလန်နိုင်ငံတွင် သတ်မှတ် လစာဝင်ငွေထက်ပိုပါက ပေးရသော Tax (ဝင်ငွေခွန်) များ ပြန်လည်တောင်းခံ၍ရ

Tue, 01/26/2010 - 04:05 -- Anonymous (not verified)

    အင်္ဂလန်သို့သွားရောက်ပညာသင်ယူသည့် ကျောင်းသားများအား အင်္ဂလန်ရှိတက္ကသိုလ်၊ ကောလိပ်များမှ အချိန်ပိုင်းအလုပ် လုပ်ခွင့်များ ခွင့်ပြုပေးလျက်ရှိပြီး လုပ်ခမှာသတ်မှတ်လစာဝင် ငွေထက်ပိုပါက Tax (ဝင်ငွေခွန်) ပေးရ သော်လည်း ယင်း Tax (ဝင်ငွေခွန်) ကို တစ်နှစ်ပြည့်သည်နှင့် သက်ဆိုင်ရာမြို့နယ်ကောင်စီ (Council) တွင် မိမိကျောင်းသားဖြစ်ကြောင်း အထောက် အထားများနှင့် ပြန်လည်တောင်းခွင့်ရှိ ကြောင်း နဝရတ်ပညာရေးစင်တာမှ သိရသည်။    ''ဒီလိုဝင်ငွေခွန် (ွှထေ) ကို ပြန် တောင်းလို့ရတယ်ဆိုတာ တော်တော် များများက မသိကြဘူး။ သိအောင် ပြောပြတော့လည်း တချို့ကအဲဒီငွေပြန် တောင်းခံတဲ့အခါ ပြရမယ့်စာရွက်စာ တမ်းတွေသိမ်းမထားမိတဲ့အတွက် ပြန်မတောင်းဖြစ်ကြဘူး။ အင်္ဂလန်မှာ လုပ် အားခလစာကို တစ်လတစ်ခါရှင်းတာမျိုး မလုပ်ဘူး။ တစ်ပတ် (၇-ရက်) တစ် ကြိမ်ပေးတာ။ ဘယ်တော့မှငွေသားကို လက်ထဲထည့်မပေးဘူး။ အလုပ်လုပ်သူရဲ့ Bank Account ထဲကိုပဲ ပို့ပေးတာ။ အဲဒီလိုတစ်ပတ်တစ်ကြိမ်ငွေပို့တိုင်း လုပ်အားခပို့ လိုက်ပြီးတဲ့ အကြောင်းကြားစာကို စာတိုက်ကနေကျောင်းသားရဲ့လိပ်စာဆီ ပို့ပေးပါတယ်။ အသိပေးတဲ့စာပါ။ အဲဒီစာတွေကို သိမ်းထားလို့ Tax ပြန် တောင်းတဲ့အခါ အထောက်အထား မပြနိုင်ကြတာပါ'' ဟု ဒေါက်တာ နေဝင်းနိုင် ပြောကြားသည်။    အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်များမှ နိုင်ငံရပ်ခြားကျောင်းသားများအား တစ်ပတ်လျှင် နာရီ ၂ဝ ကို အချိန်ပိုင်း အလုပ်လုပ်ခွင့် ပြုထားပြီး Holiday ကာလ အားလပ်ရက်များတွင် Full Time အချိန်ပြည့်လုပ်ခွင့်ပြုထားကြောင်း သိရသည်။