Main menu

Background

အင်္ဂလန်နိုင်ငံ တက္ကသိုလ်၊ ကောလိပ်များ နှစ်စဉ်ကြေးများ ပြောင်းလဲ

Wed, 02/03/2010 - 05:31 -- Anonymous (not verified)

    အင်္ဂလန်နိုင်ငံတွင် သွားရောက်ပညာသင်ယူသော ကျောင်းသားများ၏ နှစ်စဉ်ကြေးများကို ၂ဝ၁ဝ ခုနှစ် မှစတင်၍ ပြောင်းလဲသွားကြောင်း နဝရတ်ပညာရေးစင်တာမှ ဒေါက်တာနေက ပြောကြားသည်။    ''အခုအင်္ဂလန်နိုင်ငံရဲ့ နှစ်စဉ်ကြေး Tution  Fees က တက်သွားပြီ။ မူလက စတာလင်ပေါင်း ၅၉၅ဝ ကနေ၊ ၂ဝဝ၉ ခုနှစ် လလယ်လောက်က ပေါင် ၆၅ဝဝ၊ အခု ၂ဝ၁ဝ မှာ ပေါင် ၇၅ဝဝ ကနေ ၈ဝဝဝ အထိတက်သွားတယ်။ အနိမ့်ဆုံး ဖြစ်တဲ့ City of Sunderland College  ကို ၂ဝဝ၉ ခုနှစ် ဇွန်လက အစည်း အဝေးတက်ရင်း စကောလားရှစ်(ပ်) ပေးဖို့တောင်းဆိုခဲ့တာ မြန်မာ ကျောင်းသားတွေကို စတာလင်ပေါင်     ၄ဝဝဝ နဲ့ ကျောင်းတက်ခွင့်ပေးတယ်။ နောက်ထပ်ပြီး တောင်းဆိုတော့ စတာလင်ပေါင် ၄ဝဝဝ ကို အကုန်သွင်း စရာမလိုဘဲ ၅ဝ ရာခိုင် နှုန်းပဲသွင်းရပြီး ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းကို နှစ်ကုန်ခါနီးမှ ထပ်သွင်းရတယ်။ အခုဒီကောလိပ်ကနေ ပေါင် ၄ဝဝဝ တစ်ခါတည်းသွင်းဖို့ စာရောက်လာတယ်။ ဒါကြောင့်ထပ်ပြီး မေတ္တာရပ်ခံထားလို့ ဖေဖော်ဝါရီလ နောက်ဆုံးအပ်တဲ့ ကျောင်းသားကို တစ်ဝက်စီခွဲပေးဖို့ လက်ခံတယ်။ ဖေဖော်ဝါရီလကျော်သွားတဲ့ ကျောင်းသားတွေကတော့ အပြည့်သွင်းရမယ်'' ဟု ၎င်းကပြော သည်။    ၎င်းအပြင်လန်ဒန်ရှိ Thames Valley University (TVU)   ၏နှစ်စဉ် ကြေး Tution Fees  မှာပျမ်းမျှစတာ လင်ပေါင် ၉ဝဝဝ ဖြစ်ပြီး၊ Wigan & Leigh College    ၏ နှစ်စဉ်ကြေး Tution Fees   မှာ ၂ဝ၁ဝ ဇူလိုင်လမတိုင်မီ အပ်နံှပါက စတာလင်ပေါင် ၅၉၅ဝ ဖြစ်ပြီး ဇူလိုင်လနောက်ပိုင်းတွင် စတာလင်ပေါင် ၆၅ဝဝ ဖြင့်လက်ခံမည် ဖြစ်ကြောင်း သိရသည်။