Main menu

Background

အဆင့်မြင့်လက်တွေ့အသုံးချဆေးဝါး စီမံခန့်ခွဲမှုသင်တန်း

Tue, 01/19/2010 - 06:01 -- Anonymous (not verified)

   မြန်မာနိုင်ငံဆေးနှင့်ဆေး ပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များ အသင်းက အဆင့်မြင့်လက်တွေ့ အသုံးချဆေးဝါးစီမံခန့်ခွဲမှု သင်တန်း၊  (Advanced Applied Pharmaceutical Managament) အပတ်စဉ်(၆)ကို ၂ဝ၁ဝခုနှစ် ဇန်နဝါရီလ ၁၃ ရက် နေ့က အသင်းရဲ့ခန်းမမှာ ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။  အဆိုပါသင်တန်းမှာ ဒေါက်တာမီမီကိုဦးဆောင်တဲ့ ဆရာဝန်များကသင်တန်းသားများအား ဆေးဝါးဆိုင်ရာသုံးစွဲနည်း၊ အသုံးပြု ခြင်းကို လက်တွေ့နှင့် စာတွေ့ပါ ပို့ချလျက်ရှိတယ်လို့ သိရပါတယ်။   ယင်းသင်တန်းမှာ တစ်လကြာမည်ဖြစ်ပြီး သတ်မှတ်သင်တန်းချိန် ပြည့်မီအောင်တက်သော သင်တန်းသားများအား သင်တန်း ပြီးစီးပါက Certificate of Advanced Applied Pharmaceutical Management Course  လက်မှတ်ချီးမြှင့်ပေးမည် ဖြစ် ကြောင်း သိရပါတယ်။