Main menu

Background

အနိုင်ရပေမယ့်ဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ရတဲ့ မွန်ဖီးလ်

Thu, 07/02/2009 - 13:52 -- cjadmin

ဇူလိုင်လထဲမှာ ကျင်းပတော့မယ့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကနေ ပြင်သစ်နိုင်ငံသား တင်းနစ် ကစားသမား ဂါးလ်မွန်ဖီးလ်စ် ဟာ လက်ကောက်ဝတ် ဒဏ်ရာရနေတာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ မွန်ဖီးလ်ဟာ Queen's Club  ပြိုင်ပွဲစဉ်မှာ ကာဇက်စတန်နိုင်ငံက အင်ဒရေဂိုလာဘက်ကို အနိုင်ရတဲ့ပွဲမှာ အခုလို လက်ကောက်ဝတ်ဒဏ်ရာ ရခဲ့တာပဲဖြစ်ပါတယ်။ အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့ မွန်ဖီးလ်ဟာ ပြီးခဲ့တဲ့နှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲတုန်းကလည်း ပုခုံးဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရပါသေးတယ်။