Main menu

Background

အပြောင်းအလဲမရှိနိုင်တဲ့ မြေပဲဆီ

Thu, 01/28/2010 - 10:46 -- Anonymous (not verified)

    ယခင်ရက်ပိုင်းက လှုပ်ရှား ခဲ့တဲ့ မြေပဲဆီဈေးနှုန်းဟာ ဒီရက်ပိုင်းမှာ ပြန်ငြိမ်နေပြီး သြင်္ကန်မတိုင်ခင်အထိ အပြောင်းအလဲ သိပ်မရှိနိုင် ဘူးလို့ ဆီကုန်သည်ကြီးတွေက ပြောပါတယ်။     မြေပဲဆီဈေးဟာ ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးလည်းအပြောင်းအလဲ အတက်အကျသိပ်မရှိခဲ့ပါဘူး။ ၂ဝ၁ဝ နှစ်ဆန်းက နည်းနည်းတက် သွားတယ်။ အခုတော့ ပုံမှန်ပြန်ဖြစ်သွားပြီလို့ ညောင်ပင်လေးဈေးက ဆီကုန်သည် တစ်ဦးက ဆိုပါတယ်။     လက်လီဈေးကွက်မှာ မြေပဲ ဆီ တစ်ပိဿာ ၂၇ဝဝ ကျပ်ကနေ ၃၄ဝဝ ကျပ်အထိ ရှိနေပြီး ပဲရှယ်၊ ပဲရှယ်သန့်၊ ပဲရိုးရိုးဆိုပြီး ရောင်း ချနေတာ တွေ့ရပါတယ်။     ဘုရင့်နောင်နဲ့ညောင်ပင်လေးဈေးကလက်ကားဈေးကွက်မှာတော့ပဲဆီတစ်ပိဿာ၂၅ဝဝ-၂၆ဝဝကျပ်ဈေးရှိနေကြောင်းသိရပါတယ်။                                                                                                                         လွင်လွင်မိုး