Main menu

Background

အမေရိကန်ကာဗွန်သံမဏိပြား ဈေးနှုန်းမြှင့်တင်

Tue, 01/26/2010 - 05:58 -- Anonymous (not verified)

    အမေရိကန်နိုင်ငံ အေကေစတီးလ်ကော်ပိုရေးရှင်းဟာ ဆောက်လုပ်ရေးလုပ်ငန်း၊ ကားနဲ့ ကိရိ ယာတန်ဆာပလာ ထုတ်လုပ်မှုတွေမှာသုံးတဲ့ တန်ဖိုးမြှင့် (value added), hot rolled , cold rolled ကာဗွန်သံမဏိပြားတွေကို လက်ငင်းဈေးကွက်အခြေခံဈေးနှုန်းအပေါ် တစ်တန်ကို ကန် ဒေါ်လာ ၆ဝ တိုးမြှင့်မှာဖြစ်ပြီး အမှာစာအသစ်တွေအားလုံးကို ဈေးနှုန်းသစ်နဲ့ ချက်ခြင်း စတင် ရောင်းချတော့မှာဖြစ်တယ်လို့ အေကေစတီးလ်ကော်ပိုရေးရှင်းက ပြောပါတယ်။    သွပ်ရည်စိမ်သံမဏိအပြား (Zinc coated galvanized steel) တွေကိုလည်း အလားတူ ဈေးနှုန်းတိုးမြှင့်ထားကြောင်းနဲ့ တိုးမြှင့်လိုက်တဲ့ ဈေးနှုန်းအသစ်တွေကို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက် www.aksteel.com မှာ ဖော်ပြထားပြီး အခုလို ဈေးနှုန်းတိုးမြှင့်ရတာဟာ ကာဗွန်သံမဏိပြား တွေရဲ့ ဝယ်လိုအားကြီးထွားလာခြင်းနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်လည်း မြင့်မားလာခြင်းတို့ ကြောင့် ဖြစ်တယ်လို့ ကုမ္ပဏီကဆိုပါတယ်။Source:PR Newswireစန္ဒာပျို