Main menu

Background

အမေရိကန်ပဲလက်ကျန် မြင့်တက်

Sat, 01/23/2010 - 12:04 -- Anonymous (not verified)

       ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလအစပိုင်း အမေရိကန်နိုင်ငံရဲ့ ပဲမိုျးစုံလက်ကျန်သိုလှောင်မှုဟာ ၂ဝဝ၈ ခုနှစ် ကာလတူထက် သိသိ သာသာ မြင့်တက်ခဲ့တယ်လို့ အမေရိကန်စိုက်ပိုျးရေးဌာနက တင်ပြထားပါတယ်။ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့နဲ့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ လက်ကျန်ပဲအခြေအနေကိုနှိုင်းယှဉ်ရာမှာ  စားတော်ပဲလုံးဟာ ၅၅ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄ ဒသမ ၈၅ သိန်း၊ ပဲနီလေးက ၆၁ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၂၁ သိန်း၊ သြစတြေးလျ ဆောင်းစားတော်ပဲလုံးမှာ ၈ဝ ရာခိုင် နှုန်းမြင့်တက်ပြီး တန်ချိန် ၅၃၉၉ ရှိခဲ့ပေမဲ့ ကုလားပဲဖြူလုံးကြီးကတော့ ၁၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၃၉၇ဝဝ ရှိတယ်လို့ သိရ ပါတယ်။Source: statpub.com