Main menu

Background

အမေရိကန်သမ္မတအိုဘားမား၏ အဆိုပြုချက်အသစ်ကြောင့် ရော်ဘာဈေးနှုန်းကျဆင်းလာ

Tue, 01/26/2010 - 04:10 -- Anonymous (not verified)

     အမေရိကန်နိုင်ငံသမ္မတက ဘဏ်များရဲ့ဝန်ဆောင်မှု၊ လုပ်ငန်း ဆောင်ရွက်မှု အရွယ်အစားကို ကန့်သတ်ဖို့နဲ့ စွန့်စားရတဲ့ ကုန်သွယ်မှုနဲ့ ရောင်းဝယ်ရေးလုပ်ငန်းများကန့်သတ်ဖို့ အဆိုတင်သွင်းလိုက်တဲ့အတွက် ကမ္ဘာအနံှ့ စတော့ရှယ်ယာဝယ်ယူထားသူများကို ၎င်းတို့ လက် ဝယ်ပိုင်ဆိုင်နေတဲ့ စတော့ရှယ်ယာနဲ့ ရင်းနှီးမြှုုပ်နံှမှုများကို အလျင်အမြန်ရောင်းချဖို့နဲ့ ယန်းတန်ဖိုး ပြန်လည် အားကောင်းလာဖို့ကို တွန်းအားပေးလျက်ရှိတဲ့အတွက် ရော်ဘာ ဈေးနှုန်းများက လေးလအတွင်း အနိမ့် ဆုံးပမာဏအဖြစ် ကျဆင်းသွားခဲ့ကြောင်း သိရပါ တယ်။ ဒါ့ကြောင့် ဇွန်လတင်ပို့မဲ့ ရော်ဘာတစ်ကီလိုမှာ ၁၇ ဒသမ ၈ ယန်းကျဆင်းပြီး ၂၈၅ ဒသမ ၁ ယန်း (တစ်တန်ကို ၃၁၅၈ ဒေါ်လာ)နဲ့ တိုကျို ကုန်စည်ရောင်းဝယ်ရေးတွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။      ကမ္ဘာ့ရော်ဘာသုံးစွဲမှု အများဆုံး တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ မူဝါဒပြောင်းလဲနိုင်တယ်လို့ ခန့်မှန်းချက်ကလည်း ရော်ဘာ ကြိုပွိုင့်ဈေးနှုန်းကို ကျဆင်းစေတဲ့ အ ကြောင်းရင်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးတွင် မေလ တင်ပို့မဲ့ ရော်ဘာတစ်တန်ကို ၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး ၂၄၅၅ဝ ယွမ် (ကန်ဒေါ်လာ ၃၅၉၆) ဖြစ်ခဲ့ကြောင်း သိရပါတယ်။ှ                                                                                                                              Source: Bloomberg.com                                                                                                                                              ပပ