Main menu

Background

အမေရိကန် ဓနအင်အားပြန်ပြည့်ဖြိုးဖို့ ၁၅နှစ် အချိန်ယူရမည်

Thu, 07/02/2009 - 18:33 -- cjadmin

စီးပွားရေးဆုတ်ကပ် အတွင်းက ဆုံးရှုံးခဲ့ရတဲ့ ဓနအင်အားကို ပြန်လည် ထူထောင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက အိမ်ထောင်စုတွေဟာ ၁၅ နှစ်လောက်အချိန်ပြန်ယူရနိုင်တယ်လို့ ၂၀၀၆ ခုနှစ်က ဘောဂဗေဒ နိုဘယ်ဆုရှင် ကိုလံဘီတက္ကသိုလ်ပါမောက္ခ အက်ဒမန်ဖဲလ်စ်က ဘလွမ်းဘတ် နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဇွန်လ ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။ အမေရိကန် အိမ်ထောင်စုတွေရဲ့ ဓနအင်အားဟာ ယခုနှစ်ပထမသုံးလပတ်မှာ ဒေါ်လာ ၁ ဒသမ ၃ ထရီလျံ ကျဆင်းခဲ့ပြီး အိမ်ထောင်စုတွေနဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့တွေရဲ့ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးဟာ ၂၀၀၄ ဓနဥစ္စာကျဆင်းမှုဟာ ဒေါ်လာ ၄ ဒသမ ၉ ထရီလျံရှိခဲ့ပါတယ်။ စီးပွားရေးနလန်ထူမှုဟာ ထုတ်လုပ်သူတွေဆီမှာ လက်ရှိကုန်ပစ္စည်း လက်ကျန်တွေ ကုန်ဆုံးသွားပြီးတဲ့ အချိန်မတိုင်မချင်း ဖြစ်လာနိုင်ဖွယ်ရာ မရှိသေးပါဘူး။ အဲဒီလိုအခါမျိုးကျမှသာ ငါတို့တွေ အောက်ခြေကြမ်းပြင်ထိ ရောက်သွားပြီဆိုပြီး အသက်ရှုချောင် သွားနိုင်ပါလိမ့်မယ်။ ဒီတော့မှပဲ စားသုံးသူဝယ်လိုအားက နည်းနည်း ပြန်ဦး မော့လာတာတွေ့ရမှာပါ။ လူတွေလည်း သူတို့ အလုပ်တွေ မပြုတ်နိုင်တော့ဘူးလို့ စိတ်ဒုံးဒုံးချနိုင်တော့မှာပါ””လို့ ဖဲလ်စ် က ပြောကြားပါတယ်။(bloomberg)