Main menu

Background

အရောင်းအဝယ်အေးသော်လည်း ၁၂ ရာခိုင်နှုန်းခန့် စိန်ဈေးမြင့်လာ

Tue, 01/19/2010 - 05:32 -- Anonymous (not verified)

     ယခုတစ်ပတ်အတွင်း စိန်ဈေးကွက်တွင် အရောင်းအဝယ်အေးလျက် ရှိ သော်လည်း စိန်ဈေးနှုန်းများမှာ ၁၂ ရာ ခိုင်နှုန်းခန့် တက်လာကြောင်း စိန် ရောင်းဝယ်သူတစ်ဦးကပြောကြားသည်။     ''အရင်က အိန္ဒိယမှာ ရွှေကို ဒီဇိုင်းမိုျးစုံဆင်ပြီးဝတ်ကြတယ်။ ယခုစိန်ကို ဒီဇိုင်းဆင်ပြီး ပုံစံမိုျးစုံနဲ့ဝတ်လာတဲ့အတွက် အိန္ဒိယမှာ ကို စိန်က အဝယ်အရမ်းကျလာတယ်။ မြန်မာလူမိုျးတွေအနေနဲ့ကလည်း ယခင်ကတည်းက စိန်ကို ပြန်ရောင်းရခက်တယ်ဆိုပြီး သိပ် မဝယ်ကြဘူး။ ရွှေကိုပဲမရှိဝမ်းစာ၊ ရှိတန်ဆာဆိုပြီးဝတ်ကြတာများတယ်။အခုမှ စိန်ဈေးကွက်ကိုဦးလှည့်လာကြတာ''ဟု၎င်းက ပြောကြားသည်။  အဆိုပါစိန်ဈေးမှာ ယခင်နှစ် ဒီဇင်ဘာလလယ်လောက်တွင် ၃၅ ရာခိုင်နှုန်းခန့် စိန်ဈေးများကျဆင်းလာပြီး ယခုမှ ပြန်လည်ဦးမော့လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စိန်ကို ရွှေနှင့်သာ အများဆုံးဝတ်ဆင်၍ စိန်အသန့်သာ အရောင်းအဝယ် အ များဆုံးဖြစ်ကြောင်းနှင့် စိန်ဈေးမှာလည်း တစ်ရတီ ၆၁ သိန်းဝန်းကျင်၊ သုံးမတ်ရတီ ၃၅ သိန်းဝန်းကျင်၊ ၁ဝ စီး ၇ သိန်းဝန်းကျင်၊ အလုံး ၂ဝ စီး ၅ ဒသမ ၅ သိန်းဝန်း ကျင်နှင့် ၄ဝ စီး ၄ ဒသမ ၇ သိန်းဝန်းကျင်ရှိကြောင်း သိရသည်။                   မင်းသန့်