Main menu

Background

အဝင်များပြီး အဆွဲနည်းကာ ဈေးနိမ့်လာတဲ့ မန်းပန်းနှမ်း

Thu, 01/28/2010 - 10:52 -- Anonymous (not verified)

    မန်းမြို့ရဲ့ ပန်းနှမ်းဈေး ကွက်မှာ ဇန်နဝါရီဒုတိယပတ်အတွင်း ၄၅ ပိဿာဝင် ၃ တင်းတစ်အိတ် ၅၃ဝဝဝ ကျပ်၊ တစ်ပိဿာ ၁၁၇၇ ကျပ် ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ တတိယပတ်မှာတော့ ပန်းနှမ်း ၄၅ ပိဿာဝင် ၃ တင်းတစ်အိတ် ၄၉၅ဝဝ ကျပ်၊ တစ်ပိဿာ ၁၁ဝဝ ကျပ်ဈေးရှိပြီး၊ တစ်ပိဿာ ၇၈ ကျပ်ခန့် ဈေးနိမ့်ရောင်း ဝယ်နေကြောင်း သိရပါတယ်။ မန်းဈေး ကွက်အတွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း ဒေသများ၊ စစ်ကိုင်း တိုင်း-ဗန်းမော်၊ ကသာ၊ ထီးခိုျင့်နှင့် ဒေသစုံတို့မှ ပန်းနှမ်းများ တစ်ရက် ပျမ်းမျှ အိတ် ၄ဝဝ-၅ဝဝ ခန့် ပုံမှန်ဝင် ရောက်နေပြီး ပန်းနှမ်းဆီကတော့ တစ် ပိဿာ ၂၈ဝဝ ကျပ်၊ ၂၇၅ဝ ကျပ်၊ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုတဲ့ ပန်းနှမ်းဖတ်တစ်ပိဿာ ၄၈ဝ ကျပ်၊ ၄၇၅ ကျပ်ဖြင့် ရောင်းဝယ်နေကြ ပါတယ်။ ရန်ကုန်ဝယ်လက်သမားများနဲ့ လှောင် လက်သမားများ အဆွဲနည်းတာ ရယ်၊ ဆီစက်သမားများသာ အဝယ်ရှိနေတာရယ်ကြောင့် ပန်းနှမ်းများ ဈေးကွက်အတွင်း လှိုင်လှိုင် ဝင်နေသော်လည်း အရောင်းအဝယ်အေးနေကြောင်း ကုန်သည်များထံမှ သိရပါတယ်။                                                                                                                                         တင်ဇာမိုျး