Main menu

Background

အာဖရိကဖလားပြိုင်ပွဲမှ တိုဂိုအသင်းနုတ်ထွက်ပြီ

Wed, 01/20/2010 - 06:56 -- Anonymous (not verified)

    အင်ဂိုလာနိုင်ငံတွင် ကျင်းပမည့် အာဖရိကဖလားပြိုင်ပွဲကိုယှဉ်ပြိုင်ရန် လာရောက်တဲ့ခရီးစဉ်မှာ အင်ဂိုလာနိုင်ငံမှ အကြမ်းဖက် ်သူများရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦး၊ တိုဂိုဘောလုံးအသင်းမှ လက်ထောက်နည်းပြတစ်ဦး၊ မီဒီယာတာဝန်ခံ တစ်ဦးတို့သေဆုံးခဲ့ပြီး ကစားသမား ၇ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။   အဲဒီလိုဖြစ်ရပ်ကြောင့် တိုဂိုအစိုးရဟာ တိုဂိုဘောလုံးအသင်းကိုနိုင်ငံသို့ ချက်ခြင်းပြန်လာရန်ညွှန်ကြားခဲ့ပြီး ပြိုင်ပွဲမှနုတ်ထွက်ရန် လည်း ညွှန်ကြားခဲ့ပါ တယ်။ တိုဂိုနိုင်ငံမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၃ ရက်သတ်မှတ် ကာ အခမ်းအနားများ ကျင်းပသွား မှာ ဖြစ်ပါတယ်။    တိုဂိုဘောလုံးအသင်းအားအကြမ်းဖက်မှုတွင် ပါဝင်ခဲ့ကြောင်း သံသယရှိသူနှစ်ဦးကို အင်ဂိုလာရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့တယ်လို့ သတင်းများက ဖော်ပြပါတယ်။