Main menu

Background

အာရှဆောက်လုပ်ရေးလုပ်ငန်းရှင်တို့ တိုးတက်မှုရှိလာ

Thu, 07/02/2009 - 18:13 -- cjadmin

ကမ္ဘာ့စီးပွားရေးကို အကျပ်အတည်းမှ ရုန်းထွက်ဖို့ ရုန်းကန်ကြိုးပမ်းနေရသည့် တိုင်အောင် အာရှရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် မျှော်လင့်ချက်ရောင်ခြည်များ စတင် တွေ့ရှိနေရပြီဖြစ်ပြီး အများစုမှာ တိုးတက်မှုရှိနိုင် မည့် အနေအထားများကို ရရှိနေကြပြီ ဖြစ်ပါတယ်။ ဇွန်လ နောက်ဆုံး သီတင်းပတ်က ကျင်းပတဲ့ကမ္ဘာလုံးဆိုင်ရာ အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်း အကြီးအကဲ များရဲ့ ဆွေးနွေးပွဲမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပအမှုဆောင် များအတွက် အလားအလာ မှေးမှိန်နေပါတယ်။ ဒါပေမယ့် အာရှဒေသ အမှုဆောင်များ အတွက် ယခုနှစ် ကုန်ဆုံးချိန်တွင် အချို့စီမံကိန်းများ တိုးတက်မှုရှိလာမယ့် အလားအလာ တွေရှိနေတဲ့အတွက် အခြေအနေ ပိုမိုကောင်းမွန်နေပါတယ်။ အကောင်းဘက်မှ ပိုမိုတွက်ဆနိုင်ခြင်းမှာ တရုတ်၊ ဟောင်ကောင်နှင့် စင်္ကာပူရှိ ဝယ်လက်များမှာ ငွေကြေးပိုမို စုဆောင်းလာပြီး ဘဏ်များကငွေကြေး ပိုမိုထုတ်ချေးဖို့ ပြင်ဆင်လာတဲ့အတွက် အိမ်ရာလုပ်ငန်းဈေးကွက် ပြန်လည်နာ လန်ထူလာတော့မယ်လို့ တွတ်ဆနိုင်ခြင်း ကြောင့်ဖြစ်ပါတယ်။ စင်ကာပူရဲ့ အိမ်ရာမြေဈေးကွက်ဟာ စီးပွားရေးကျဆင်းမှုကြောင့် အထိ နာခဲ့ရပြီး အိမ်ရာမြေဈေးနှုန်းဟာ ယခု နှစ်ပထမသုံးလပတ်မှာ ၁၄ ရာခိုင်နှုန်း နီးပါးကျဆင်းခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ အတွင်း အနိမ့်ဆုံးကျဆင်းခဲ့တာ ဖြစ်ပါတယ်။ (Reuters)