Main menu

Background

အာရှဈေးကွက်တိုးခဲျ့ဖို့ကနေဒါ ပဲထုတ်လုပ်သူများ ကြိုးပမ်းလာ

Sat, 01/23/2010 - 08:59 -- Anonymous (not verified)

       ကနေဒါပဲမိုျးစုံ စိုက်ပျိုးထုတ်လုပ်သူများအနေနဲ့ ပဲထုတ်လုပ်မှုအရှိန်ရနေပြီဖြစ်ပေမဲ့ အာရှဈေးကွက်အတွင်း အခွင့်အလမ်းတွေ တိုးတက်ရရှိဖို့ ဆောင်ရွက်ဖို့လိုအပ်လာပြီလို့ Sasketchewan Pulse Growers (SPG) မှ အမေရိကန်စိုက်ပျိုးရေးပညာ ရှင် Bruce Scher  မှ ဇန်နဝါရီလ ၁၂ ရက်နေ့က ပြောကြားပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယလိုနိုင်ငံတွေကို ပဲလုံး၊ ကုလားပဲဖြူ လုံးကြီး၊ ပဲနီလေးအပါအဝင် ပဲမျိုးစုံတင်ပို့ခြင်း့နဲ့ တန်ဖိုးမြင့်ထုတ်ကုန် အမြောက်အမြား တင်ပို့တဲ့ အခွင့်အလမ်းတွေ ရှိနေတာ ကြောင့် ဒီအခွင့်အလမ်းကို လက်ကိုင်ထားသင့်တယ်လို့လဲ ၎င်းကဆိုပါတယ်။     ၂ဝ၁ဝ မှာ ကမ္ဘာတစ်ဝန်း စီးပွားရေးပြန်လည်ကောင်းမွန်လာတော့မှာဖြစ်ခြင်းကလည်း အခြေအနေကောင်းတွေ ပိုမိုဖြစ်လာ စေမှာပါလို့လည်းဆိုပါတယ်။ ဒီနှစ်ပဲမိုျးစုံဈေးနှုန်းမြင့်တက်ခြင်းက လာမယ့်ဆောင်းဦးမှာ  စိုက်ဧကပိုလာဖွယ်ရှိတယ်လို့ STAT Publishing ရဲ့ ဥက္ကဌ Brain Chanceyက ပြောကြားပါတယ်။ ဒါကြောင့် ဒီနှစ်စိုက်ဧက ၃ ဒသမ ၂ သန်းခန့် စိုက် ပျိုးနိုင်လိမ့် မယ်လို့လည်းဆိုပါတယ်။ စိုက်ဧကတိုးတက်ခြင်းက ဈေးနှုန်းကို ကျဆင်းနိုင်တာကြောင့် လက်ရှိပဲနီလေးတစ်ပေါင်ကို ကန်ဒေါ်လာ ၃ဝ ဆင့် ရှိရာမှ လာမယ့်နှစ်မှာ ၂ဝ ဆင့်ကို ကျဆင်းနိုင်တယ်လို့လည်းဆိုပါတယ်။     ကနေဒါပဲမိုျးစုံတင်ပို့မှုတိုးခဲျ့ခြင်းကို အဓိကအားဖြင့် SPG  က အခြေပြုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ SPG  ဟာ နိုင်ငံရဲ့  ပဲလုံး၊ ပဲဝါလေးနဲ့ကုလားပဲအများဆုံး ထုတ်လုပ်သူလည်းဖြစ်သလို အများဆုံးတင်ပို့တဲ့ ပဲမျိုးစုံထုတ်လုပ်သူ ၁၈ဝဝဝ ခန့်ပါဝင်တဲ့ အဖွဲ့ အစည်းလဲဖြစ်ပါတယ်။    ဒီအဖွဲ့အစည်းကြီးဟာ ၂ဝဝ၈ ခုနှစ်မှာ ပဲမျိုးစုံ ဧက ၄ ဒသမ ၆ သန်းစိုက်ပိုျးခဲ့ပြီး တစ်နိုင်ငံလုံး ပဲနီလေးစိုက်ပျိုးမှုရဲ့ ၉၉ ရာခိုင်နှုန်းကို စိုက်ပိုျးထုတ်လုပ်ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ ကနေဒါက ပဲဝါလေးတန်ချိန် ၆၇၃ဝဝဝ ခန့်ထုတ်လုပ်ခဲ့ပါတယ်။Source: conwest.com