Main menu

Background

အာရှအနာဂတ်ဟာ ရွှေရောင်လွှမ်းတဲ့ခေတ်ဖြစ်နိုင်

Fri, 01/29/2010 - 05:25 -- Anonymous (not verified)

    လာမဲ့ဆယ်စုနှစ်ဟာ အာရှအတွက် ရွှေရောင်လွှမ်းတဲ့ခေတ်ဖြစ်နိုင်တယ်လို့ စင်ကာပူအစိုးရရင်းနှီးမြှုပ်နံှမှုကော်ပိုရေးရှင်း ဒုတိယဥက္ကဌဒေါက်တာ တိုနီတန်က ပြောကြားပါတယ်။ ဒေါက်တာတန်က ၂ဝဝ၈-၂ဝဝ၉ ကမ္ဘာ့ဘဏ္ဍာရေး အကျပ် အတည်းကို ကျော်လွှားလွန်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အာရှရဲ့ခိုင်မာတဲ့ အခြေအနေသုံးသပ်ပြီး ပြောခဲ့တာဖြစ်ပါတယ်။    အကျပ်အတည်းလွန်ကာလရဲ့ စီးပွားရေးအခြေအနေမှာ ကွဲပြားခြားနားတဲ့ အခြေအနေသုံးခုကိုတွေ့ရမှာဖြစ်ရာ အဲဒီ အခြေအနေသုံးခုကတော့ မူဝါဒရေးဆွဲသူတို့အပေါ် မှီခိုမှုပိုမိုကြီးထွားလာခြင်း၊ ထွန်းသစ်စဈေးကွက်တွေရဲ့ လွှမ်းမိုးလာမှုနဲ့ ဖွံ့ ဖြိုးပြီးနိုင်ငံတွေရဲ့ စီးပွားရေးစွမ်းဆောင်ရည်အနည်းငယ် နိမ့်ကျနေမှုတို့ဖြစ်တယ်လို့ တရုတ်(တိုင်ပေ) မှာ ဇန်နဝါရီ ၁၈ ရက်နေ့က ကျင်းပတဲ့ ၂ဝ၁ဝ ဓနသဟာယ စီးပွားရေးဖိုရမ်အဖွင့်အမှာစကားပြောကြားရာမှာ ပြောကြားခဲ့ပါတယ်။     အာရှဒေသအနေနဲ့ စိန်ခေါ်မှုလေးမျိုးနဲ့ ရင်ဆိုင်နိုင်သေးတယ်လို့လည်း သတိပေးစကားပြောကြားပါတယ်။ ပထမ အချက်ကတော့ အာရှဖွံ့ဖြိုးတိုးတက်မှုမှာ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရကဏ္ဍတို့ရဲ့တိုးတက်မှုမှာ ချိန်ခွင်လျှာညီဖို့ ဖြစ်ပါတယ်။ ဒုတိယက မတည်မငြိမ်ဖြစ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ အာရှက ပြုလွယ်ပြင်လွယ်တဲ့ အနေအထားမျိုးနဲ့ တုံ့ပြန် ဖြေရှင်းဖို့ဖြစ်ပါတယ်။ တတိယက ချိန်သားကိုက်ညီပြီး ရေရှည်တည်တံ့မဲ့ဖွံ့ဖြိုးမှုပုံစံကို ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ နောက်ဆုံး က အာရှဘဏ္ဍာရေးအဖွဲ့ အစည်းတွေက ဖွံ့ဖြိုးတိုးတက်ပြီး ရင့်ကျက်မှုရနိုင်ဖို့ အတွက် တည်ရှိနေတဲ့ အခွင့်အလမ်းတွေကနေ အကျိုးစီးပွားဖြစ်ထွန်းအောင် တိုးမြှင့်ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ channelnewsasia.com