Main menu

Background

အိန္ဒိယကုလားပဲ အထွက်ပိုခြင်းကြောင့် ဈေးနှုန်းကျဆင်းနိုင်

Sun, 06/28/2009 - 17:46 -- cjadmin

အိန္ဒိယမှာ မုတ်သုန်မိုး ပုံမှန်ထက် နည်းခြင်းနဲ့ မိုးဝင်ရောက်မှု နှေးကွေးခြင်း တို့ကြောင့် လက်ငင်း ဈေးကွက် စင်တာများမှာ ဈေးနှုန်း ခိုင်မာလျက် ရှိသော်လည်း ကြိုပွိုင့် ဈေးကွက်မှာတော့ ဈေးကျဆင်း ခဲ့ပါတယ်၊ အိန္ဒိယ ပဲမျိုးစုံ ထုတ်လုပ်မှုဟာ မုတ်သုန်မိုး ရွာသွန်းမှု အပေါ်တွင် မူတည်နေရာ လာမဲ့ရက် အနည်းငယ်မှာ မုတ်သုန်မိုး ပြန်လည် ကောင်းလာဖွယ် ရှိသော်လည်း အကယ်၍ မိုးဆက်လက် ရွာသွန်းခြင်း မရှိပါက ပဲမျိုးစုံ ဈေးနှုန်းဟာ ထပ်မ ံမြင့်တက်ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်များက ကုလားပဲဈေးနှုန်း အနည်းငယ် ကျဆင်းခဲ့စဉ် လှောင်လက်များက အနိမ့်ဈေးနဲ့ ရောင်းချလိုမှု သိပ်မရှိတာကြောင့် ဈေးနှုန်းကျဆင်းခြင်း မရှိပေမယ့် အထောက်အကူ ဖြစ်စေပါတယ်။ သို့သော်လည်း လှောင်လက်များ လက်ဝယ်မှာ လက်ကျန်များခြင်းနဲ့ လာမယ့်နှစ်မှာ အထွက်ကောင်းမဲ့ မျှော်လင့်ချက် များကြောင့် ဈေးနှုန်း မြင့်တက်မှုကို ထိန်းထိန်း သိမ်းသိမ်း ဖြစ်စေပါတယ်။ စိုက်ပိုျးရေးဝန်ကြီး ဌာနရဲ့ အစီရင်ခံစာအရ ၂ဝဝ၈-၂ဝဝ၉ ကုလားပဲ ထွက်ရှိမှုဟာ တန်ချိန် ၆ ဒသမ ၅၄ သန်းရှိရာ ယခင်နှစ်ထွက်ရှိမှု တန်ချိန် ၅ ဒသမ ၇၅ သန်းထက် ၁၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

 

source: commodityonline

ယမင်းခင်