Main menu

Background

အိန္ဒိယကြောင့် ပြည်တွင်းစိန်ဈေးပြောင်းလဲ

Thu, 01/14/2010 - 09:30 -- Anonymous (not verified)

   ယခုအခါ အိန္ဒိယနိုင်ငံတွင် စိန်အရိုင်း ဈေးနှုန်းများပြောင်းလဲမှုများကြောင့် ပြည်တွင်း စိန်ဈေးကွက်တွင်လည်း စိန်ဈေးနှုန်းများ ပြောင်းလဲလာကြောင်း စိန်ရောင်းသူတစ်ဦးက ပြောကြားပါတယ်။     ''မြန်မာ့စိန်ဈေးကွက်က အိန္ဒိယငွေကြေးနဲ့ စိန်ဈေးအပြောင်းအလဲပေါ်မှာ ၉ဝ ရာခိုင်နှုန်း မူတည်နေတယ်။ အခုအိန္ဒိယနိုင်ငံ စိန် အရိုင်း ဈေးကွက်မှာ ဈေးနှုန်း ၁ဝ ရာခိုင်နှုန်းလောက် ပိုမြင့်သွားတယ်။ နောက်ပြီးစိန် အရိုင်းရောင်းတဲ့ အာဖရိကကုန်သည်တွေက လည်း သူတို့နိုင်ငံထဲကို စိန်အချောသွေးတဲ့ နည်းပညာ ဆွဲသွင်းပြီး စိန်အချောထုတ်နေတော့ သူတို့နိုင်ငံထဲမှာကို စိန်အရိုင်းက ဝယ်လိုအားရှိနေတယ်။ ဒါကြောင့် အိန္ဒိယက စိန်အရိုင်း ဝယ်လိုအား အရမ်းမြင့်လာတယ်'' လို့ ၎င်းက ပြောကြားပါတယ်။   ယခုလတ်တလော ပြည်တွင်း စိန်ဈေးကွက်တွင် အရောင်းအဝယ်မှာပုံမှန်သာရှိသော်လည်း စိန်အရောင်း အဝယ်သမားများမှာ ယခု ၂ဝ၁ဝ ခုနှစ်အတွင်း စိန်အရောင်းအဝယ် ကောင်းလာရန် အရမ်းမျှော်လင့်ထားကြောင်းနဲ့ စိန်ဈေးနှုန်းများမှာလည်း အမိုျး အစားအလိုက် အဖြူသန့်များမှာ ငါးသောင်းကျပ်မှ တစ်သိန်းကျပ်သို့ဈေးမြင့်လာကြောင်း သိရပါတယ်။