Main menu

Background

အိန္ဒိယက ပဲအဝယ်တင်ဒါခေါ်

Mon, 01/18/2010 - 06:31 -- Anonymous (not verified)

        PEC ကုမ္ပဏီဟာ ဖေဖေါ်ဝါ ရီလနဲ့ မတ်လတွေမှာ အရောက်ပို့ရမယ့် ပဲမိုျးစုံတန်ချိန် ၁၉ဝဝဝ တင်သွင်းဖို့ ဇန်နဝါရီလ ၈ ရက်နေ့က တင်ဒါခေါ် ယူခဲ့တယ်လို့ ၎င်းရဲ့ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။  တင်သွင်းမယ့် ပဲတွေက တော့ ပဲစင်းငုံတန်ချိန် ၉ဝဝဝ၊ မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန် ၄ဝဝဝ စီနဲ့ ကုလားပဲဖြူလုံးကြီးတန်ချိန် ၂ဝဝဝ ဖြစ်ပြီး တင်သွင်းမယ့်နိုင်ငံများကတော့ သြစတြေလျနဲ့ မြန်မာနိုင်ငံ တို့က ဖြစ်ပါတယ်။ တင်ဒါပိတ်ရက်ကတော့ ဇန်နဝါရီလ ၁၅ ရက်ဖြစ် ပါတယ်။MMTCကုမ္ပဏီက တန်ချိန် ၈ဝဝဝဝ တင်သွင်းမယ်    အိန္ဒိယနိုင်ငံပိုင် အေဂျင်စီ တစ်ခုဖြစ်တဲ့ MMTC ကုမ္ပဏီကလည်း အရောင်းအဝယ်ဖြစ်ပြီးပြီးချင်းပို့ရမယ့် ပဲမိုျးစုံတန်ချိန် ၈ဝဝဝဝ တင်သွင်းဖို့ ဇန်နဝါရီလ ၈ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပါတယ်။ အဲဒီပဲတွေကို မွန်ဘိုင်းနဲ့ ကိုလ်ကတ္တားဆိပ်ကမ်းများကို တင်ပို့ရမှာ ဖြစ်တယ်လို့ 0x158င်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။ ပဲဝယ်ယူမယ့် နိုင်ငံတွေကတော့ ကနေဒါနဲ့ ယူကရိန်းနိုင်ငံတွေက ဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံး တင်ဒါပိတ်ရက်ကတော့ ဇန်နဝါရီ လ ၁၅ ရက်ဖြစ်တယ်လို့ ဆိုပါတယ်။Source: monetry control, reuters