Main menu

Background

အိန္ဒိယမှာ ကုလားပဲပေါများခြင်းက ပြဿနာတစ်ရပ်ဖြစ်လာ

Fri, 01/29/2010 - 06:29 -- Anonymous (not verified)

      ငွေကြေးဖောင်းပွမှု မြင့်တက်ချိန်မှာ ကုလားပဲဟာ အိန္ဒိယအစိုးရရဲ့ စောင့်ကြည့်အကဲခတ်ရမယ့် ကုန်စည်ဖြစ်လာခဲ့ပါတယ်။ ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ ပဲသိုလှောင်မှုကန့်သတ်ခြင်းအပါအဝင် ကုလားပဲအပေါ်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့တာကြောင့် လက်ရှိ ပြည်တွင်းမှာ ကုလားပဲအလံျှပယ်ဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယကုလားပဲ တောင်သူများအသင်း လက်အောက်မှာရှိတဲ့ တောင်သူ များဟာ အစိုးရက တောင်သူတွေဆီက ကုလားပဲအနည်းဆုံး တန်ချိန်နှစ်သန်း ဝယ်ယူပေးဖို့တောင်းဆိုခဲ့ပါတယ်။      ဒီအခြေအနေကို ပိုမိုဆိုးဝါးစေတာကတော့ ဆောင်းရာသီပဲမျိုးစုံစိုက်ဧက ပိုမိုမြင့်တက်ခြင်းနဲ့ ယမန်နှစ်ရဲ့ သိုလှောင်မှုလက်ကျန်များ ခြင်းက ပြည်တွင်းလက်ငင်းဈေးကွက် အလားတူကြိုရောင်းကြိုဝယ်ဈေးကွက်များမှာပါ ဈေးနှုန်းကိုလျော့ကျစေပါတယ်။ အစိုးရ ထုတ်ပြန်တဲ့စာရင်းတွေအရ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီ လ ၇ ရက်နေ့မှာ ကုလားပဲစိုက်ဧရိယာဟက်တာ ၈၄ ဒသမ ၃၄ သိန်း ကျော်ရှိ တယ်လို့သိရပါတယ်။ ၁၉၉၈-၉၉ ခုနှစ်မှာ ဟက်တာ ၈၄ ဒသမ ၇ဝ သိန်းနဲ့ အများဆုံးစိုက်ပျိုးခဲ့တယ်လို့သိရပါတယ်။