Main menu

Background

အိန္ဒိယအစိုးရက သကြားဖြူတင်သွင်းခွန် ကင်းလွတ်ကာလကို ဒီဇင်ဘာလအထိ သက်တမ်းတိုး

Tue, 01/19/2010 - 07:31 -- Anonymous (not verified)

     ပြည်တွင်းဈေးနှုန်းကြီးမြင့် မှုကို ထိန်းခုျပ်ဖို့ ကြိးပမ်းတဲ့အနေနဲ့ အိန္ဒိယအစိုးရဟာ သကြားဖြူ တင် သွင်းခွန် ကင်းလွတ်ခြင်းကို ၂ဝ၁ဝ ဒီဇင် ဘာလ ၃၁ ရက် နေ့အထိ သက်တမ်းတိုး လိုက်ပြီး တင်သွင်းခွင့်ပမာဏကိုလည်း ကန့်သတ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။ သကြားကြမ်းတင်သွင်းခွန် ကင်းလွတ်ခြင်းကို အစောပိုင်းကတည်းက ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ခွင့်ပြု ထားခဲ့ပြီး သကြားဖြူ တင်သွင်းခြင်း ကိုတော့ မတ်လ ၃၁ ရက်ထိသာ ခွင့်ပြုထားခဲ့ပါတယ်။      လွန်ခဲ့တဲ့ သုံးပတ်အတွင်းက သကြားဈေးနှုန်းဟာ တစ်ကီလိုကို ရူပီး ၃၈ (ကန်ဒေါ်လာ ဝ ဒသမ ၈၃၇)ရှိရာမှ ယခုရက်ပိုင်းမှာ ရူပီး ၄၇ (ကန်ဒေါ်လာ ၁ ဒသမ ဝ၃၅)ကို မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်တွေမှာ အဲဒီလို ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပြည်တွင်းမှာ ရောင်းချမှုတွေ မြှင့်တင်ဖို့အတွက် ခုလို ဆောင်ရွက်ခြင်းဖြစ်ပါတယ်လို့ အိန္ဒိယစားနပ်ရိက္ခာနဲ့ စိုက်ပိုျးရေးဝန်ကြီး ရှရက်ပါဝါက ပြောကြားပါ တယ်။ ှ                                                                                                                                                               Sources: businessline .com                                                                                                                                                                                ယမင်းခင်