Main menu

Background

အိန္ဒိယ-မြန်မာ ရောင်းသူ ဝယ်သူတွေ့ဆုံ ဆွေးနွေးမည်

Tue, 01/19/2010 - 05:48 -- Anonymous (not verified)

   အိန္ဒိယနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များနှင့်မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များရောင်းသူနှင့်ဝယ်သူတွေ့ဆုံဆွေးနွေးပွဲကို ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီ၂၁ရက်နေ့၌ ကုန်သည် စက်မှုအသင်းချုပ်၌ပြုလုပ်မည်ဖြစ်သည်။    ယင်းအတွက်အိန္ဒိယနိုင်ငံ Indo-Myanmar Chamber of Commerce & Industries ESifhFederation of Indian Exporters Organization နှင့် Federation of Indian Exporters Organization တို့ဦးဆောင်ပြီး ပဲ၊ နှမ်းရောင်းဝယ်ရေး လုပ်ငန်း၊ သစ်လုပ်ငန်း၊အသေးစား စက်မှုလက်မှုလုပ်ငန်း၊ မော်တော်ယာဉ် အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာ လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်း ရှင်တို့ပါဝင်မည့် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့သည် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံမည် ဖြစ်သည်။ အဆိုပါ တွေ့ဆုံမှုတွင်အိန္ဒိယ-မြန်မာစီးပွားရေး လုပ်ငန်းရှင် များ အကြား စီးပွားရေးလုပ်ငန်းဆိုင်ရာအခွင့်အလမ်းများနှင့် ရောင်းဝယ်မှုပုံစံများကို ဆွေးနွေးဖလှယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။