Main menu

Background

အိမ်ခြံမြေဈေးကွက်တည်ငြိမ်ဖို့ တရုတ်နိုင်ငံက အမိန့်ထုတ်

Tue, 01/19/2010 - 06:32 -- Anonymous (not verified)

      အိမ်ခြံမြေဈေးကွက် အဆမတန်မြင့်တက်လာမှုအပေါ် စိုးရိမ်တဲ့အတွက် နိုင်ငံခြားငွေကြေးအဆမတန် စီးဝင်မှုနဲ့ အိမ်ခြံမြေဈေး ကွက်ရင်းနှီးမြုပ်နံှမှုမှာ ဈေးကစားတာကို ကာကွယ်ဖို့အတွက် တရုတ်နိုင်ငံက ဇန်နဝါရီလ ၁၁ ရက်နေ့က အမိန့်တစ်ရပ်ထုတ် ပြန်ခဲ့ပါတယ်။ အိမ်ခြံမြေဈေးကွက်ရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကြံ့ခိုင်မှုတိုးမြှင့်ပေးနိုင်စေမဲ့ အစီအမံအမျိုးမျိုးချမှတ် ဆောင်ရွက် ဖို့ နိုင်ငံတစ်ဝန်းရှိ အာဏာပိုင်တွေကို နိုင်ငံတော်ကောင်စီ (ဝန်ကြီး အဖွဲ့) ကထုတ်ပြန်တဲ့ အမိန့်မှာ နှိုးဆော်ထားပါတယ်။     စီးပွားရေးကျဆင်းတဲ့အချိန်မှာ အိမ်ခြံမြေကဏ္ဍကို ကျားကန်ပေးနိုင်ဖို့အတွက် အစိုးရကဘဏ်ချေးငွေ အလွယ်တကူရရှိဖို့၊ အခွန်လျှော့ပေါ့မှုနဲ့ လက်ငင်းငွေပေးချေမှုနှုန်းထားလျှော့ချမှု စတာတွေကို အစိုးရကဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် အိမ်ဈေးနှုန်း တွေက မကြာသေးမီအချိန်က မြင့်တက်လာခဲ့ပါတယ်။ အိမ်ဈေးနှုန်းတွေမြင့်တက်မှုက ပူးဖေါင်းသဖွယ်ဖောင်းပွလာမဲ့ အန္တရာယ် ရှိနေပါတယ်။     ဝင်ငွေနိမ့်ကျသူတို့အတွက် အိမ်ရာဆောက်လုပ်ရေးကို ဦးစားပေးဆောင်ရွက်ဖို့နဲ့ အိမ်ခြံမြေပေါင်နံှမှုလုပ်ငန်းနှင့် ဈေးကွက်ကို အနီးကပ်ဂရုစိုက်ကြီးကြပ်ဖို့ အာဏာပိုင်တွေကိုနှိုးဆော်ထားပါတယ်။                                                AFP