Main menu

Background

အိမ်ရာအဆောက်အဦ ပြပွဲ၂ဝ၁ဝ

Thu, 01/28/2010 - 09:17 -- Anonymous (not verified)

   ကုမ္ပဏီပေါင်း (၃ဝ)ကျော် ပါဝင်ပြသမည့် အိမ်ရာအဆောက်အဦ ပြပွဲ ၂ဝ၁ဝကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ တွင် ဖေဖေါ်ဝါရီလ ၅ရက်မှ၈ရက်အထိ ကျင်းပပြု လုပ်မည်ဖြစ်သည်။   ပြပွဲတွင် ကြွေပြားများ၊ ကျောက်ပြားများ၊ အိမ်ခန်းသုံးပစ္စည်းများနှင့် အလှဆင်ပစ္စည်းများ၊ အလှဆင် မီးသီးနှင့် မီးဆိုင်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အိမ်ရာပုံစံနှင့် အရောင်း ပြခန်းများ၊ အိမ်သုတ်ဆေးများ၊ အီ လက်ထရွန်းနစ်စနစ်သုံး ဘိုထိုင်ခုံများ၊ ကွန်ပျူတာလက်ပ်တော့များ၊ပရိဘောဂများ၊ ဗီနိုင်းကြမ်းခင်းများ၊ မီးစက်များနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ၊ ရေချိုး ခန်းသုံး ရေပူ ရေအေးစက်များ၊ ခြင်ဖမ်း စက်များ၊ ရေတိုင်ကီ၊ ထိုင်ခုံ၊ အမှိုက်ပုံး များ၊ တိုင်ကပ်နာရီများ၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ ရေသန့်စက် များစသည်ဖြင့် အိမ်ရာ အဆောက်အအုံအတွင်း အသုံးပြုနိုင်သည့် ပစ္စည်းများကို ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။