Main menu

Background

အိုင်အမ်အက်ဖ်နဲ့ တောင်ကိုရီးယားတို့ကကွန်ဖရင့်တစ်ခုကို ပူးပေါင်းကျင်းပမည်

Tue, 01/19/2010 - 05:16 -- Anonymous (not verified)

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ တောင်ကိုရီးယားအစိုးရတို့က ဇူလိုင် ၁၂-၁၃ ရက်နေ့မှာ အာရှဒေသဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာကွန်ဖရင့်တစ်ခုကို ဆိုးမြို့မှာ ပူးပေါင်းကျင်းပမယ်လို့ အိုင်အမ်အက်ဖ်အဖွဲ့က ဇန်နဝါရီလ ၁၄ ရက်နေ့ကကြေညာပါတယ်။ အစည်းအဝေးကို ထင်ရှားတဲ့စီးပွားရေးခေါင်းဆောင်များ၊ ဘဏ္ဍာရေးဈေးကွက် ကျွမ်းကျင်သူများ၊အတတ်ပညာရှင်များ၊ မြို့ပြအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်များနဲ့ သတင်းသမားတွေအပါအဝင် အဆင့်မြင့်ပုဂ္ဂိုလ် ၃၀၀ ကျော်ပါဝင်မှာဖြစ်သလို ဘဏ္ဍာရေး ဝန်ကြီးများနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများနဲ့ အဆင့်မြင့်မူဝါဒရေးဆွဲ သူတို့ပါဝင်မှာဖြစ်ပါတယ်။Source: Xinhua