Main menu

Background

ဧရာဝတီစိမ်းလန်းမြေဖွံံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက မိုးစပါးအတွက်ကျပ်သိန်း ၃၂၀၀ ကျော် ချေးငွေပံ့ပိုးခဲ့

Tue, 01/19/2010 - 04:23 -- Anonymous (not verified)

           ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ယုဇနကုမ္ပဏီလီမိတက်နှင့် မိတ်ဖက်ကုမ္ပဏီလီမိတက်များအပါအဝင် အစုအဖွဲ့ တာဝန်ခံများ၊ မြို့နယ်ဒေသခံဆန်စက်ပိုင်ရှင်များ ဆန်ကုန်သည်များ၊ တောင်သူများနှင့်ပူးပေါင်း၍တွေ့ဆုံညှိနှိုင်းခဲ့ပြီး ''ဧရာဝတီ စိမ်းလန်းမြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ'' အား ၂ဝဝ၉ ခုနှစ် ဇွန်လတွင်စတင်တည်ထောင်ခဲ့ပါတယ်။စိုက်ပျိုး ရိတ်သိမ်းပြီးချိန်ထိ ငွေသားနှင့်သွင်းအားစုပံ့ပိုးမှု ၃ ကြိမ်ပံ့ပိုးခဲ့ရာမှာ ကျေးရွာအုပ်စု ၃၅ အုပ်စု တောင်သူပေါင်း ၅၆ဝ ဦး၊ စိုက်ဧက ၁ဝဝ၂ဝ ဧက၊ စုစုပေါင်းငွေ ၃၂၂၅ သိန်းပံ့ပိုးခဲ့ပါတယ်။     ဧရာဝတီစိမ်းလန်းမြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဟာ စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်တွင် ကွင်းဆင်းဆောင်ရွက်မှု ၅ ကြိမ်ရှိခဲ့ပါ တယ်။ အထူးပြုကုမ္ပဏီရဲ့ ပညာရှင်များသည် တောင်သူများအား မြေဆီပံ့ပိုးမှုနည်းစနစ်များနဲ့လယ်ယာမြေ အသုံးပြုနည်းပညာ များကို ဟောပြောပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။      အဆိုပါအထူးပြုကုမ္ပဏီမှ ရှေ့ လုပ်ငန်းစဉ်များအဖြစ် အောက်ပါ အချက်များချမှတ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။     (က) ဒေသခံတောင်သူများအား စိုက်ပျိုးစရိတ်ငွေထောက်ပံ့ခြင်း သွင်းအားစုများ ထောက်ပံ့ခြင်းနဲ့ နည်းပညာများဖြန့်ဝေခြင်း၊    (ခ)  စပါးများစနစ်တကျရိတ် သိမ်းသိုလှောင်ပေးခြင်းနှင့် ဒေသခံဆန်စက်များအား အရည်အသွေးမီ ဆန်စက်များဖြစ်လာ      ကူညီဆောင်ရွက်ခြင်း၊    (ဂ)   နွေစပါးစိုက်ပိုျးမှုအတွက် လိုအပ်သည်များကို ကူညီ ဆောင်ရွက်ခြင်း၊    (ဃ) ပြည်တွင်းစားသုံးမှုလိုအပ် ချက်များဖြည့်ဆည်းပေးခြင်း၊    (င)  ပိုလျှံစပါးများ ပြည်ပတင်ပို့ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းတို့ပဲဖြစ်ပါတယ်။