Main menu

Background

ဧရာဝတီမှာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း မြိုနယ်အဆင့် စတင်ဖွဲ့စည်းပြီ

Fri, 01/29/2010 - 04:24 -- Anonymous (not verified)

ဆန်စပါးလုပ်ငန်းကို အခြေခံမှစ၍ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မြို့နယ်အဆင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းခွဲများကို ၂ဝ.၁.၂ဝ၁ဝ နေ့က ဧရာဝတီတိုင်း၊ ကုံျပျော်မြို့နယ်နဲ့ ဓနုဖြူမြို့နယ်မှာလည်းကောင်း၊ ၂၁.၁.၂ဝ၁ဝ နေ့က မအူပင်မြို့နယ် ပန်းတနော် မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်တို့မှာလည်းကောင်း အောင်မြင်စွာဖွဲ့စည်းပြီးဖြစ်တယ်လို့ သတင်းရရှိပါ တယ်။     ဆန်စပါးအထူးပြုကုမ္ပဏီများအနေနဲ့လည်း အရည်အသွေးမြင့်ဆန်စပါးများထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်နဲ့ပိုလံျှမှုကို ပြည်ပ တင်ပို့နိုင်ရေး တောင်သူလယ်သမားများ၊ ဒေသခံကုန်သည်၊ ဆန်စက်ပိုင်ရှင်များနဲ့ပူးပေါင်းပြီး Supply Chain Mechanism ဖော်ဆောင ်ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ မူလအစုအဖွဲ့တွေဖြစ်တဲ့ ဆန်စပါးကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ စိုက်ပိုျးထုတ်လုပ်သူတွေနဲ့ ဟန်ချက် ညီညီ အချိုးအစားညီမျှစွာပါဝင်နိုင်အောင် သမာသမတ်ကျစွာ ဦးဆောင်နိုင်မယ့် မြို့နယ်အဆင့်အခြေခံအသင်းများကို ဧရာဝတီတိုင်း ၇ မြို့နယ်မှာဖွဲ့စည်းပြီးဖြစ်ကြောင်း၊ မြို့နယ်အဆင့် အခြေခံအဖွဲ့အသင်းများဖွဲ့စည်းပြီးပါက တိုင်းအဆင့်အသင်းကိုလည်း ဆက်လက်ဖွဲ့စည်း သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းဥက္ကဌ ဦးချစ်ခိုင်ကရှင်းပြလို့ သိရှိရပါတယ်။     ဒါကြောင့် မြန်မာ့ဆန်စပါး နယ်ပယ်မှာ သမာသမတ်ကျကျ ဦးဆောင်ဦးရွက်ပြုနိုင်မယ့် အခြေခံ မြို့နယ်အဆင့်အသင်းများ ဧရာဝတီ တိုင်းမှာ စတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်း ဆန်စပါးလောကသားအားလုံးသိရှိအောင် မင်္ဂလာသတင်းကောင်းပါးလိုက်ကြောင်းပါခင်ဗျား။