Main menu

Background

၂ဝ၁ဝ ခုနှစ်မှာလည်း ဆုဖလားတွေရရှိအောင် ကြိုးပမ်းသွားမယ့် အိုင်ဗန်နိုဗစ်

Fri, 01/08/2010 - 08:24 -- Anonymous (not verified)

   ဆားဗီးယားအလှဘုရင်မလည်း ဖြစ်၊ တင်းနစ်အကျော်အမော်တစ်ဦး လည်းဖြစ်တဲ့ အိုင်ဗန်နိုဗစ်က လာမယ့် ၂ဝ၁ဝ ခုနှစ်မှာ လည်း အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်နိုင်လိမ့်မယ်ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၂၂နှစ်သာရှိသေးတဲ့ အိုင်ဗန်နိုဗစ်ဟာ လာမယ့်ပြိုင်ပွဲများအတွက် အကောင်းဆုံးလေ့ကျင့်မှုများပြုလုပ်ကာ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရပါ တယ်။   အိုင်ဗန်နိုဗစ်က ''အခု ကျွန်မ အကောင်းဆုံးလေ့ကျင့်နေပါတယ်၊ လာမယ့် ၂ဝ၁ဝ ဇန်နဝါရီလ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့်ပွဲ တွေ အတွက် အကောင်း ဆုံး ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ကျွန်မသြစီမှာ ကစားခွင့်ရဖို့ အချိန်တိုင်း ကြိုးစားနေပါတယ်။ ဘာဖြစ် လို့လည်း ဆိုတော့ သြစီကပရိသတ်တွေဟာ တင်းနစ်အားကစားနည်းအပေါ် နား လည်မှုရှိသလို အားပေးမှုလည်း အရမ်းကို ကောင်းလို့ပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်မ ဗိုလ်လုပွဲအထိ ရောက်ခဲ့တယ်။ ဒီနှစ်လည်းကျွန်မကို အရင်လိုပဲ အား ပေးနေဦးမယ်လို့ မျှော်လင့်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။   အိုင်ဗန်နိုဗစ်ဟာ သြစီမှာကျင်းပမယ့် ဘရစ်တာနီတင်းနစ်ပြိုင်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။