Main menu

Background

၂ဝ၁ဝ တွင် တစ်ကမ္ဘာလုံး စွမ်းအင်သုံးစွဲမှုမြင့်နိုင်

Thu, 01/21/2010 - 09:15 -- Anonymous (not verified)

    ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ ရေနံသုံးစွဲမှုက ၂ဝဝ၉ ခုနှစ်ကလို ဝယ်လိုအားမနိမ့်ပဲ တိုးမြင့်လာလိမ့် မယ်လို့ စီးပွားရေးပညာရှင်များက ဟောကိန်းထုတ်ခဲ့ပါတယ်။ ၂ဝဝ၉ မှ စီးပွားရေး နာလန်ပြန် ထူလာပြီးနောက် ၂ဝ၁ဝ မှာ ပိုပြီးဖွံ့ဖြိုးဖို့ရှိတာမို့ စွမ်းအင်သုံးစွဲမှု ပိုမိုမယ်လို့ ယူဆခဲ့ပါတယ်။ ရေနံ စည်ဈေးနှုန်းတွေကြီးမြင့်မှု၊ ချေးငွေခက်ခဲမှုတွေကို ၂ဝဝ၈ ခုနှစ်မှာ ရင်ဆိုင်ကျော်လွှားခဲ့ပြီး နောက် ၂ဝဝ၉ မှာ စီးဆင်းမှုတွေမှန်ကန်လာပြီး စီးပွားရေးလည်း ပြန်လည်ဦးမော့လာပါပြီ။ အလားတူ ၂ဝ၁ဝ မှာလည်း အကောင်းဘက်ကိုပဲ ရောက်ရှိပြီး တိုးတက်ဦးမယ်လို့ ယူဆကြ ပါတယ်။ ဒီလိုအခြေအနေကြောင့် ရေနံနဲ့ သဘာဝဓါတ်ငွေ့လည်း တိုးမြင့်လိုအပ်လာမှာဖြစ်သလို ၂ဝဝ၉ မှာ ရေနံသဘာဝဓါတ်ငွေ့တူးဖော်ထုတ်လုပ်ဖို့ ရင်းနှီး မြုပ်နံှမှုတွေကျဆင်းခဲ့ပေမဲ့ ၂ဝ၁ဝ မှာ ပြန်လည်အသက်ဝင်နိုင်ပါတယ်။ စီးပွားရေးအမြင်နဲ့ ကြည့် ရင် ရေနံစိမ်းတစ်စည်ကို ၆ဝ-၈ဝ အကြားဈေးရှိနေတာက တည်ငြိမ်မှုတစ်ရပ်အဖြစ်ယူဆကြပြီး ၂ဝ၁ဝ မှာ ကုမ္ပဏီကြီးများက တိုးခဲျ့မြုပ်နံှလာကြသလို ဝယ်လိုအား ရောင်းလိုအား၊ ကုန်ကျ စရိတ်ထိန်းချုပ်မှု၊ ဝန်ဆောင်စရိတ် လျှော့ချမှု၊ စတဲ့အချက်များက ၂ဝ၁ဝ မှာ ဆက်စပ်လာမှာ ဖြစ်လို့ ဈေးနှုန်းအပေါ် ကြီးကြီးမားမားပြောင်းလဲအကိုျးသက်ရောက်သွားနိုင်ကြောင်း သုံးသပ်ပါ တယ်။Source:commodityonline.comWWN