Main menu

Background

၂ဝ၁ဝ ပြည့်နှစ်မှာ ဗီယက်နမ်အထည်ချုပ်လုပ်ငန်းက ဒေါ်လာဝဘီလီယံကျော်တင်ပို့မည်

Thu, 01/28/2010 - 09:18 -- Anonymous (not verified)

    ၂ဝ၁ဝပြည့်နှစ် စီမံကိန်းကိုရေးဆွဲဖို့အတွက် ဗီယက်နမ်ချည်မျှင်နဲ့ အထည်ချုပ်လုပ်ငန်းအဖွဲ့ က အစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာဒေါ်လာ ၁ဝ ဒသမ ၅ ဘီလီယံဖိုး တင်ပို့ဖို့ ရည်မှန်းချက်ချမှတ်ခဲ့ပါတယ်။    ၂ဝဝ၉ ခုနှစ်မှာ ဒီကဏ္ဍကဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံ ရရှိခဲ့ဲပြီး နိုင်ငံခြားဝင်ငွေရှာဖွေရာမှာ ဦးဆောင်မှုပေးခဲ့ပါတယ်။ ပို့ကုန်အတွက်ဝင်ငွေမှာ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ပိုမိုရရှိခဲ့ပြီး နှစ်အလိုက် နှုန်းထားအရ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။   ဒါ့ကြောင့်    ၂ဝဝ၉ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုလိုငွေပြမှုကို လျှော့ချနိုင်ခဲ့ပါတယ်။    ၂ဝ၁ဝ ပြည့်နှစ်မှာ ဒေါ်လာ ၁ဝ ဒသမ ၅ ဘီလီယံဖိုးတင်ပို့နိုင်ဖို့အတွက် ချည်မျှင်နဲ့ အထည် ပို့ကုန်လုပ်ငန်းမှာ ၁၂ ရာခိုင်နှုန်းတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် နိုင်ဖို့အတွက် ထုတ်လုပ်မှုနဲ့ စီးပွားရေးစွမ်းဆောင်ရည်မြင့်တက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ထုတ်လုပ်မှုနဲ့ စီးပွားရေးစွမ်းဆောင်ရည်မြင့်တက်အောင် ဆောင်ရွက်ခြင်း၊ အဆင့်မြင့်ပစ္စည်းများ ခဲျ့ထွင်ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ခြင်း၊ ဈေးကွက်သုတေသနနဲ့ ကုန်ပစ္စည်း အမယ် သစ်များထုတ်လုပ်ပြီး ကုန်သွယ်မှုတိုးမြှင့်ခြင်း၊ SO9000, ISO14000 စတဲ့ စံနှုန်းတွေအညီ ဆောင်ရွက်ခြင်း စတဲ့ဖြေရှင်းမှုများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။     nhandan.com.vn