Main menu

Background

၂ဝ၁ဝ မှာလည်း ပဲမိုျးစုံဈေးနှုန်း ထပ်မြင့်နိုင်တယ်လို့ အိန္ဒိယ ကုန်သည်စက်မှုအသင်း ခန့်မှန်း

Mon, 01/18/2010 - 06:42 -- Anonymous (not verified)

       လွန်ခဲ့တဲ့ နှစ်အတွင်းမှာ ၄ဝ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့တဲ့ ပဲမိုျးစုံ ဈေးနှုန်းဟာ ၂ဝ၁ဝ မှာလည်း ဝယ်လို အားနဲ့ ရောင်းလိုအား မမျှတာကြောင့် ဈေးနှုန်းထပ်မံမြင့်တက်အုံးမယ်လို့ ဒီဇင်ဘာ  ၂၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်း များ အသင်း Assocham က ပြောကြားခဲ့ပါတယ်။ ပြည်တွင်းပဲမိုျးစုံ ထုတ်လုပ်မှုလျော့ကျတာရယ်၊ လူဦးရေတိုးပွားလာတာအပြင် နိုင်ငံ တကာဈေးကွက်မှာ ပဲမိုျးစုံဈေးနှုန်း ပိုမိုမြင့်မားတာတွေက    ၂ဝ၁ဝ ခုနှစ်မှာ ပဲမိုျးစုံဈေးနှုန်းပိုမိုမြင့်တက်စေမယ့် အကြောင်းရင်းတွေ ဖြစ်ပါတယ်လို့ဆိုပါတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား ကွာခြားချက်ကြီးမားတာကြောင့် လက်လီဈေးကွက်တွေမှာ ပဲမိုျးစုံဈေး နှုန်း မြင့်တက်ခဲ့ရာ မြို့ကြီးများမှာ ပဲစင်း ငုံဈေးနှုန်းဟာ မနှစ်က တစ်ကီလိုကို ရူပီး ၅ဝ (ကန်ဒေါ်လာ ၁ ဒသမ ဝ၇၆)ရှိရာမှ ရူပီး ၉၁ (ကန်ဒေါ်လာ ၁ ဒသမ ၉၆)၊ မတ်ပဲဈေးနှုန်းက ရူပီး ၄၆ (ကန် ဒေါ်လာ ဝ ဒသမ ၈၉၉) မှ ရူပီး ၇၇ (ကန်ဒေါ်လာ ၁ ဒသမ ၆၆)၊ ပဲတီစိမ်း ဈေးနှုန်းက ရူပီး ၄၅ (ကန်ဒေါ်လာ ဝ ဒသမ ၉၇)ရှိရာမှ ရူပီး ၈၃ (ကန် ဒေါ်လာ ၁ ဒသမ ၇၉)ကို အသီးသီး မြင့်တက်ခဲ့ပါ တယ်။ ပြည်တွင်းပဲမိုျးစုံထုတ်လုပ်မှုဟာ တန်ချိန် ၁၄ သန်း-၁၅ သန်းရှိပေမဲ့ လိုအပ်ချက်ကတော့ တန်ချိန် ၁၈ သန်း-၁၉ သန်းထိ မြင့်တက်ပါတယ်။ လိုအပ်ချက်ဖြည့်ဆည်းဖို့ ကနေဒါ၊ မြန်မာနဲ့ သြစတြေးလျတို့က ပဲမိုျးစုံ တင်သွင်းလျက်ရှိရာ ယခုနှစ် လိုအပ်ချက် ကြီးမားတာကြောင့် ဧပြီလနဲ့ အောက်တိုဘာလအတွင်း ပဲမိုျးစုံ တင်သွင်းမှုဟာ ၂ဝ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၅၉ သန်း တင်သွင်းခဲ့ပါတယ်။ နှစ်ပေါင်းများစွာကထဲက စိုက်ဧရိယာ တိုးတက်မှုမရှိတာအပြင် လူဦးရေတိုးတက်မှုကြောင့် ဝယ်လိုအားကြီးမား နေတာကို တင်သွင်းမှု တိုးမြှင့်ဖို့သာမက အထွက်နှုန်း မြင့်တက်အောင် ဆောင်ရွက်သွားရမှာပါလို့ Assochamကပြောကြားပါတယ်။Sources: businessline.com