Main menu

Background

၂ဝ၁ဝ မှာ စားအုန်းဆီကြမ်းဈေးနှုန်းက တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၈၅ဝ မှာရှိနိုင်

Tue, 02/02/2010 - 05:02 -- Anonymous (not verified)

    ရေနံဈေးမြင့်တက်လို့ ဇီဝ ဓါတ်ငွေ့အတွက် စားအုန်းဆီကြမ်းဝယ် လိုအား ပိုလာနိုင်တာရယ်၊ အယ်နီညိုကြောင့် ထုတ်လုပ်မှုလျော့ ကျနိုင်တာရယ်ကြောင့် ယခုနှစ်အတွင်း စားအုန်း ဆီကြမ်းဈေးနှုန်းဟာ တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၈၅ဝ မှာ ရှိနေနိုင်တယ်လို့ Royal Bank of Scotland Asia Securities  ကုမ္ပဏီမှ လေ့လာဆန်းစစ်သူNirunan Tircheluam က ဇန်နဝါ ရီလ ၂၇ ရက်နေ့က ပြောကြားပါတယ်။ ယမန်နှစ်က ပျမ်းမျှတစ်တန်ကို ကန်ဒေါ်လာ ၆၈၁ ဈေးရှိခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကန်ဒေါ်လာ ၇၆ဝ ဒသမ ၅ ထိရှိလာ တာကြောင့် ၂ဝ၁၁ မှာ ကန်ဒေါ်လာ ၉၅ဝ ကိုမြင့်တက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။     ရာသီဥတုပြောင်းလဲမှုများ ရယ် လောင်စာဆီအတွက် ဝယ်လိုအားမြင့်မားလာတာရယ်အကြား စားအုန်းဆီသိုလှောင်မှုလျော့ကျ နိုင်တယ်လို့ Tirucheluan က ဆက်လက်ပြောကြားပါတယ်။                                                                                                        Sources: palmoilhg .com        ယုဇန