Main menu

Background

၂ဝ၁ဝ မှာ ရွှေဈေး များများစားစား ပြန်မကျနိုင်ဟုဆို

Thu, 01/21/2010 - 08:59 -- Anonymous (not verified)

    နယူးယောက်ရွှေဈေးက ဒီဇင်ဘာလဆန်းမှာ မှတ်တမ်းတင်အဆင့်အဖြစ် တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၂၂၆ ဒသမ ၅၆ နဲ့ ကြိုပွိုင့်ဈေးအရောင်းအဝယ်ဖြစ်ခဲ့ရာကနေ ဒီဇင်ဘာလကုန် ပိုင်းမှာ ရွှေဈေး ၇ ဒသမ ၃ ရာခိုင်နှုန်းခန့်ဈေးကျသွားပြီး ဇန်နဝါရီလဆန်းမှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၁၂၉ နဲ့ ပြန်လည်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရွှေဝယ်လို အားက ငွေကြေးခိုင်မာလိုမှု၊ ငွေကြေးဖောင်းပွမှုကို အကာအကွယ်ပြလိုမှုနဲ့ ကမ္ဘာအနှံ့အစိုးရ အဖွဲ့အစည်းများရဲ့ စီးပွားပျက်ကပ်အလွန် ဖွံ့ဖြိုးတိုးမြင့်နှုန်းလျင်မြန်လာမှုများကြောင့် ဝယ်လို အား တိုးပွားလျက် ရှိနေပါတယ်။ ရွှေဈေးက ၂ဝဝ၉  ဇန်နဝါရီလမှာ တစ်အောင်စကို ကန်ဒေါ် လာ ၈၁၇ ဒေါ်လာကနေ နှစ်ကုန်ခါနီးမှာ အမြင့်ဆုံး ကန်ဒေါ်လာ ၁၂ဝဝ ကျော်အထိ ရောက်ရှိ လာခဲ့ပါတယ်။ ဒါကို ကြည့်ရင် တစ်အောင်စ ထုတ် လုပ်မှုစရိတ် ၇ဝဝ ဒေါ်လာဝန်း ကျင်ရှိနေပြီး ၎င်းတို့ ကာမိအောင် ရောင်းဝယ်ကြမှာဖြစ်တဲ့အပြင် ဝယ်လိုအားလဲရှိနေတာကြောင့် ၂ဝ၁ဝ မှာ ရွှေဈေးက ရုတ်တရက်အရှိန်မြန်မြန်နဲ့ ပြန်လည်မကျနိုင်ဘူး၊ ကျရင်လည်း အနည်းအကျဉ်း လောက်ပဲ ကျနိုင်တယ်လို့ သုံးသပ်ကြပါတယ်။Source:commodityonline    WWN