Main menu

Background

၂ဝ၁ဝ အတွက် ဆန်အလုံအလောက်ဝယ်ယူပြီးပြီလို့ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှပြော

Thu, 01/21/2010 - 06:23 -- Anonymous (not verified)

      ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ၂ဝ၁ဝ အတွက် ဆန်အလုံအလောက်ဝယ်ယူပြီးဖြစ်လို့ ကမ္ဘာ့အကြီးဆုံး ဆန်ဝယ်လက်ဟာ ယခုနှစ် အတွက် ဆန်ဈေးကွက်ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ စိုက်ပျိုးရေးဝန်ကြီး အော်သာရက်ပ်က ပြောကြားပါတယ်။ နိုင်ငံပိုင် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင် (NFA)ဟာ ၂ဝဝ၉ ခုနှစ် နောက်ဆုံးလတွေမှာ ဆန်တင်ဒါ ၄ ခုခေါ်ယူပြီး၊ ဗီယက်နမ်က တန်ချိန် ၁ ဒသမ ၈၂ သန်းတင်သွင်းဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။    အဲဒီတင်ဒါများမှာ နောက်ထပ်မှာယူတဲ့ ဆန်ပမာဏအပါအဝင် စုစု ပေါင်းဆန်တန်ချိန် ၂ ဒသမ ၂ သန်းထိ  တင်သွင်းရမှာဖြစ်လို့ ၂ဝဝ၈ ခုနှစ်အတွင်း အများဆုံးတင်သွင်းခဲ့တဲ့ ဆန်တန်ချိန် ၂ ဒသမ ၃ သန်းနီးပါး ဖြစ်လာခဲ့ပါတယ်။ အဲဒီလို အမြောက်အများ တင်သွင်းခြင်းက ကမ္ဘာ့ကောက်ပဲသီးနံှ ဈေးနှုန်းမြင့်တက်အောင် အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။Source: riceonline.com