Main menu

Background

၂ဝ၁၃ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပဖွယ်ရာရှိ

Mon, 01/25/2010 - 06:03 -- Anonymous (not verified)

   ၂ဝ၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိူင်ပွဲကို မြန်မာနိုင်ငံနေပြည်တော်တိုင်းမှာကျင်းပ ခွင့်ရတော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုပြောကြားခဲ့ပါတယ်။၂ဝ၁၃ဆီးဂိမ်းပြိုင်ပွဲကို မူလက စင်ကာပူနိုင်ငံမှာ ကျင်း ပဖို့ စီစဉ်ထားပေမယ့် လက်ရှိအခြေအနေမှာ စင်ကာပူနိုင်ငံဟာ ဆီးဂိမ်းပြိုင်ပွဲကျင်းပနိုင်ဖို့အတွက်အားကစားအခြေခံ အဆောက် အအုံများ ဆောက်လုပ်ရန်အဆင်သင့် မဖြစ်သေးတဲ့အတွက် လက်ခံနိုင်ခြင်း မရှိလို့ အကြောင်းပြန်ကြားခဲ့ပါတယ်။   စင်ကာပူနိုင်ငံက လက်ခံကျင်းပနိုင်ခြင်းမရှိတဲ့အတွက် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့က လျှောက်ထားရန်ရှိကြောင်း သိ ရှိရပါတယ်။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံကလည်း နိုင်ငံရဲ့စီးပွားရေးအခြေအနေများကြောင့်လက်ခံရန် ငြင်းပယ်ခဲ့တဲ့အတွက် မြန်မာ နိုင်ငံဟာ (၂၇)ကြိမ်မြောက် ဆီးဂိမ်းကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။   ယခုအခါ နေပြည်တော်မှာ ဇမ္ဗူသီရိအမည်ရှိ ပရိသတ် ၃ဝဝဝဝ ဆံ့ ခေတ်မီအားကစားကွင်းသစ်ကြီးတစ်ခုကို တည်ဆောက် လျက်ရှိပြီး၊ ပုဗ္ဗာသီရိ ဆိုသည့်ခေတ်မီကစားကွင်းသစ်ကြီးတစ်ခုကိုလည်း ဆက်လက်တည်ဆောက်သွားမှာဖြစ်ကြောင်း သိရှိရပါ တယ်။   မြန်မာနိုင်ငံဟာ ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက်အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲနဲ့ ၁၉၆၉ ခုနှစ်ပဉ္စမအကြိမ် မြောက် အရှေ့တောင် အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲတို့ကို လက်ခံကျင်းပပြီးနောက်ပိုင်း နှစ်ပေါင်း ၄၄နှစ်ကြာမှပြန်လည် ကျင်းပခွင့်ရရှိခဲ့ ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။   အရှေ့တောင်အာရှအားကစားပြိုင် ပွဲကျင်းပရေးကော်မတီအနေနဲ့ ၂ဝ၁ဝ ခုနှစ် နှစ်လပိုင်းမှာ ဆီးဂိမ်းအိမ်ရှင်နိုင်ငံအမည်ကို ထုတ် ပြန်ကြေညာမှာဖြစ်ကြောင်း သိရှိရပါတယ်။