Main menu

Background

(၂၅) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ စောမာလာနွယ်နှင့်တွေ့ဆုံခြင်း

Fri, 01/08/2010 - 07:30 -- Anonymous (not verified)

ပြေးခုန်ပစ် အားကစားလောကထဲ ကို ဘယ်အချိန်က စတင်ဝင် ရောက်ခဲ့ပါသလဲ။- ၂ဝဝ၃ ခုနှစ် ပြည်နယ်/တိုင်း ပြေး ခုန်ပစ်ပြိုင်ပွဲကနေစပြီး မန္တလေးတိုင်း ကို ကိုယ်စားပြု ဝင်ရောက်ကစားခဲ့ ပါတယ်။ အဲဒီကနေ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အသင်းမှာ ဝင်ရောက်ကစားခဲ့ပါတယ်။ ပြည်နယ်/တိုင်းပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ ရော ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။- နိုင်ငံတကာမှာရော ဝင်ရောက် ယှဉ်ပြိုင်ခဲ့မှု အခြေအနေလေး ပြောပြပါဦး။- ၂ဝဝ၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ၆၇ ကြိမ် မြောက် စင်္ကာပူတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ၊ ၅ ကီလိုမီတာ လမ်း လျှောက်ပြိုင်ပွဲမှာ ရွှေတံဆိပ်(၁)ခု၊ ၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်း အကြိုပြေးခုန်ပစ် ပြိုင်ပွဲမှာ (ထိုင်းနိုင်ငံ ဘန်ကောက်မြို့) မီတာ ၁ဝဝဝဝ လမ်းလျှောက်ပြိုင်ပွဲမှာ ရွှေတံဆိပ် (၁) ခု၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ (၂ဝဝ၇-ခုနှစ်) ကီလိုမီတာ ၂ဝ လမ်း လျှောက်ပြိုင်ပွဲမှာ ကြေး တံဆိပ် (၁) ခု၊ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ထိုင်းနိုင်ငံ တံခွန်စိုက်ပြေး ခုန်ပစ် ပြိုင်ပွဲ မီတာ ၂ဝဝဝဝ လမ်း လျှောက်ပြိုင်ပွဲမှာ ရွှေတံဆိပ် (၁) ခု၊ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ က လာအိုနိုင်ငံ ဗီယန်ကျင်း မြို့မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ၊ ပြေး ခုန်ပစ်ပြိုင်ပွဲ ၂ဝ ကီလိုမီတာလမ်း လျှောက်ပြိုင်ပွဲမှာ ကြေးတံဆိပ်တစ်ခု ရရှိခဲ့ပါတယ်။- အခု ၂ဝဝ၉ လာအိုဆီးဂိမ်းမှာ ယှဉ်ပြိုင်ခဲ့တဲ့အတွေ့အကြုံလေး ပြောပြပေးပါ။- ကျွန်မတို့ ကီလိုမီတာ ၂ဝ လမ်း လျှောက်ပြိင်ပွဲမှာ ကျွန်မရယ်၊ ကေခိုင်မျိုးထွန်းရယ် ဝင်ရောက်ယှဉ်ပြိုင် ပါတယ်။ လာအိုနိုင်ငံမှာ က ကျွန်မတို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ထက်ပိုပြီးပူ တယ်။ မနက်ပိုင်းဆိုရင် ဒီမှာထက်ပို အေးတယ်။ တကယ်တမ်း ကျွန်မတို့ ကို တာလွှတ်ရမယ့်အချိန်က နံနက် ၆ နာရီ ၁၅ မိနစ်ပါ။ ဒါပေမယ့် ကျွန်မတို့ကို မနက် ၈ နာရီ ၁၅ မိနစ် ကျမှ တာလွှတ်တယ်။ ပြိုင်ပွဲရဲ့ကြာချိန်က ၂ နာရီနီးပါးလောက်ရှိတာ ဆိုတော့ ပန်းဝင်ခါနီးမှာနေကအရမ်း ပူလာတယ်။ ဖိနပ်ထဲကိုလည်းခဲလုံး တွေသဲတွေဝင်လာတော့ဖိနပ်ဝတ်ပြီး လျှောက်လို့ရမှာ မဟုတ်တော့ ကျွန်မ ရောကေခိုင်မျိုးထွန်းရောနှစ်ယောက် စလုံး ဖိနပ်ချွတ် ပြီး ဆက်လျှောက်ကြတယ်။ ပြိုင်ပွဲဝင်နေတုန်းမှာ ကျွန်မတို့ ကစားသမားတွေက ရိုးရိုး ရေပဲသောက်တာ၊ သူတို့က ရေခဲရေ တွေပဲ ပေးတယ်။ နေပူကြီးထဲ ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ ရေခဲရေတိုက်၊ ရေခဲရေတွေ လောင်းချနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ဖိနပ်လည်း ချွတ်လိုက်ရော လမ်းပေါ်က အပူရှိန်နဲ့ ကတ္တရာလမ်းကမညီတာနဲ့ ကျွန်မတို့ ခြေထောက်တွေမှာ အသားတွေ အကွင်းလိုက် ကွာထွက်ကုန်တာပေါ့။ နောက်ပြီး ဖိနပ်ချွတ်လိုက်တဲ့အခါ ကျတော့ ရှေ့ကသွားနေတဲ့အင်ဒိုကို ဘယ်လိုမှမမီတော့ဘူး။ အဲဒါ ကြောင့် ကြေးတံဆိပ်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။- ပြိုင်ပွဲမှာ အဓိကထားပြီးယှဉ်ပြိုင်ခဲ့ ရတဲ့ ပြိုင်ဖက်တွေက ဘယ်နိုင်ငံ တွေ ဖြစ်မလဲ။- အဓိကကတော့ အင်ဒို၊ မလေးရှား ပါ။ ထိုင်းနဲ့ လာအိုတို့လည်း ပါတာ ပေါ့။ လာအိုကတော့ အိမ်ရှင်ဆိုတော့ ပိုပြီးသတိထား ရတယ်။- စံချိန်ကရော ဘယ်လောက်ရခဲ့ သလဲ။- ကျွန်မရဲ့စံချိန်  ၁နာရီ ၄၆ မိနစ် ၅၆ စက္ကန့်ရခဲ့ပါတယ်။ ပထမရတဲ့ ကေ ခိုင်မိုျးထွန်းက ကျွန်မထက် တစ်မိနစ် သာသာပဲ ကွာပါ တယ်။- Sea Games မှာဆုတံဆိပ်ရတဲ့ အတွက် ခံစားရမှုအတိုင်းအတာ လေးကို ပြောပါဦး။- နိုင်ငံဂုဏ်ဆောင်နိုင်တဲ့အတွက်ရော ဌာနရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့အတွက်ရော အရမ်းကို ဝမ်းသာဂုဏ်ယူမိပါ တယ်။